နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) အတွက် ဒုတိယ ဝန်ကြီးခန့်အပ်

0
371

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးထင်ကျော်သူ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ဒုတိယ ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ယနေ့ ဇန်နဝါရီ (၁၀) ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၁၉) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာအရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၆ / ၂၀၂၄ ဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ နစက ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦးအား ပြီးခဲ့သည့် ဇန်နဝါရီ (၈) ရက်က ခန့်အပ်ထားခြင်း ဖြစ်ပြီး ယခု ဒုဝန်ကြီး အဖြစ် ဦးထင်‌​ကျော်သူကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here