ဘားအံမြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ နေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

0
219

ဘားအံမြို့နယ်အတွင်း ယာယီပြောင်းရွှေ့နေထိုင်ကြသော နေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီ (၉) ရက် မွန်းလွဲ (၃) နာရီက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ရာတွင် ကရင် ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ် နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယာယီနေထိုင်သည့် ကာလအတွင်း တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျန်းမာရေး ဂရုစိုက်ကြရန်၊ အတူစုစည်းနေထိုင်ကြသူအချင်းချင်း အေးအေးချမ်းချမ်း စုစုစည်းစည်း နေထိုင်ကြရန်နှင့် တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုကို နာခံကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မှာကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၂၈) ရက်မှ ဒီဇင်ဘာ (၂၈) ရက် အထိ နေရပ်စွန့်ခွာစစ်ဘေးရှောင် စုစုပေါင်း အိမ်ထောင်စု (၂၅၂၈) စု၊ လူဦးရေ (၁၀၁၁၈)ဦးတို့အား ဆန် (၈၄၂)အိတ် (၁၆)ပြည်၊ ဆီ(၂၅ ၂၈) လီတာ၊ ခေါက်ဆွဲခြောက် (၂၅၂၈)ဖာ တို့ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် သာမညကျေးရွာ အုပ်စုရှိ နေရပ်စွန့်ခွာ အိမ်ထောင်စု (၃၃၈)စု၊ လူဦးရေ(၁၃၀၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၇၄၄၇၀၀)ကျပ်ကိုလည်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here