ဂါဇာရှိအရပ်သားများအား ဒုက္ခပေးခြင်းမှ ရှောင်ကြဉ်ရန် အစ္စရေးအားကန်တိုက်တွန်း

0
88

တဲလဗီ၊ဇန်နဝါရီ ၁၀

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် ပါလက်စတိုင်းနိုင်ငံထူထောင်ရေးလမ်းကြောင်း ချောမွေ့စေရန်ပန်ကြားချက်တစ်ရပ်အနေဖြင့် အစ္စရေးသည် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးပုံမှန်ဖြစ်စေရန်အတွက် ခက်ခဲသောရွေးချယ်မှုကိုပြုလုပ်ရန်လိုအပ်ကြောင်းတိုက်တွန်းခဲ့သည်။

မစ္စတာဘလင်ကန်သည် အစ္စရေးနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသည့် ပါလက်စတိုင်းခေါင်းဆောင်များ၏ဆန္ဒသဘောထားကိုလည်း ထောက်ပံ့ပေးရန် အစ္စရေးအားတိုက်တွန်းခဲ့သကဲ့သို့ နေ့စဉ်နှင့်အမျှမြင့်တက်လာနေသည့် ဟားမတ်စ်စစ်ပွဲအတွင်း‌ေ-သဆုံးနှုန်းများကိုလည်း ထည့်သွင်းစဥ်းစားရန်ပြောကြားခဲ့သည်။

သို့သော် ဟားမတ်စ်၏ခြိမ်းခြောက်မှုကိုအပြီးတိုင်ချေမှုန်းမည့် အစ္စရေး၏ရည်မှန်းချက်အား အောင်မြင်အောင်လုပ်ဆောင်ရန်လည်းအရေးကြီးသည်ဟု တဲလဗီ၌ပြုလုပ်သည့် ဆွေးနွေးပွဲအပြီးတွင်၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုပြောကြားချက်များသည် မစ္စတာဘလင်ကန်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၏အနာဂတ်အုပ်ချုပ်ရေးနှင့် အရှေ့အလယ်ပိုင်းပေါင်းစည်းရေးဆိုင်ရာ အစီအစဉ်များကိုဆွေးနွေးရန် အစ္စရေး၏ အိမ်နီးချင်းအာရပ်နိုင်ငံများသို့သွားရောက်ခဲ့သည့်၎င်း၏ခရီးစဉ်အပြီး၌ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်၌ အစ္စရေး၏ ကြည်းကြောင်း၊လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဒေသခံ ၂၃,၂၁၀ ဦး‌ေ-သဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ အီရန်ကျောထောက် နောက်ခံပြု ယီမင်ရှိဟူသီသူပုန်များကလည်း ပါလက်စတိုင်းအတွက်လက်တုန့်ပြန်သည်ဟုဆိုကာ ပင်လယ်အတွင်းသွားလာနေသည့်သင်္ဘောများကိုလည်းတိုက်ခိုက်ခဲ့ရာ ပဋိပက္ခများယခုထက်ပိုကျယ်ပြန့်လာမည်ကိုနိုင်ငံတကာကစိုးရိမ်လျက်ရှိကြသည်။

ဆက်လက်၍မစ္စတာဘလင်ကန်က ၎င်းတို့အနေဖြင့် အစ္စရေး၏မိမိပိုင်နက်အား ကာကွယ်ပိုင်ခွင့်ကိုလေးစားထောက်ခံကြောင်းပြောကြားခဲ့သော်လည်း အရပ်သားထိခိုက်မှုကိုမူ နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင်ဆောင်ရွက်ရန်သတိပေးပြောကြားခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းသွားရန်ကြွေးကြော်ထားပြီး ဂါဇာရှိပါလက်စတိုင်းတို့၏လှုပ်ရှားမှုမှန်သမျှကိုလည်းရှင်းလင်းသွားမည်ဖြစ်ကြောင်းပါ အတိအလင်းပြောကြားထားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here