ဒီဇင်ဘာလတွင် အလုပ်သမားစာရင်းပေးပို့ခြင်းမရှိသည့် အေဂျင်စီ ၁၈ ခုရှိ

0
317

ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် ဒီဇင်ဘာလ၌ အလုပ်သမားစာရင်း ပေးပို့ခြင်းမရှိသည့် အေဂျင်စီ(၁၈)ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် ပြည်ပသို့ လုပ်သားစေလွှတ်ရာတွင် လုပ်သားစာရင်း လုံး၀ပေးပို့ခြင်းမရှိသည့် အေဂျင်စီ (၁၈)ခုရှိသည့်အနက် လေးကြိမ်အထိ သတိပေးခံရသည့် အေဂျင်စီ (၃)ခုပါဝင်ကြောင်း သိရသည်။

ဝန်ကြီးဌာနသို့ နိုင်ငံအလိုက် စေလွှတ်လိုက်သည့် အလုပ်သမားစာရင်း အရေအတွက်ကို လစဉ်ပေးပို့ရခြင်းဖြစ်ပြီး လုပ်သားပို့ဆောင်နိုင်ခြင်း မရှိပါကလည်း တင်ပြရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်း  သိရသည်။

အလုပ်သမား စေလွှတ်ခြင်း လချုပ်အား စေလွှတ်စာရင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယာယီအပိတ်ခံထားရသည်ဖြစ်စေ လစဉ်လဆန်း (၅) ရက် မတိုင်မီ အချိန်မီပေးပို့ရန်ညွှန်ကြားထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စာရင်းပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၃၀) ရှိကြောင်း သိရသည်။

လချုပ်စာရင်း ပေးပို့ရန် သုံးကြိမ်နှင့်အထက် သတိပေးခံရပြီး တစ်ကြိမ်ထပ်မံဖြစ်ပွားပါက ဝန်ခံကတိလက်မှတ် စတင်ထိုးရမည်ဖြစ်ကာ ပျက်ကွက်မှုထပ်မံဖြစ်ပါက ကာလအကန့်အသတ်ဖြင့် လိုင်စင်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here