NATO က ယူကရိန်းအတွက် ၂၀၂၄ ခုနှစ်တွင် ယူရို ဘီလီယံပေါင်းများစွာ အကူအညီပေးမည်ဟု ကတိပြု

0
117

မြောက်အတ္တလန်တိတ်မဟာမိတ်အဖွဲ့(NATO)သည် ၂၀၂၄ ခုနှစ်တွင် “အဓိက စစ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု အကူအညီ” အတွက် ယူကရိန်း ယူရို ဘီလီယံပေါင်းများစွာကို ကတိပြုခဲ့ကြောင်း ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် နေတိုး-ယူကရိန်းကောင်စီ အစည်းအဝေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် လက်နက်အသစ်များ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အချက်အလက်များ မပါရှိသည့်အပြင် ငွေကြေးမည်မျှလျာထားမည်ကိုမူ အတိအကျမဖော်ပြထားပေ။

“ယနေ့၊ [နေတိုး] မဟာမိတ်များသည် ယူကရိန်းအား အဓိက စစ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး [နေတိုး] မဟာမိတ်များက ၂၀၂၄ ခုနှစ်တွင် နောက်ထပ် ယူရိုဘီလီယံပေါင်းများစွာကို ပံ့ပိုးပေးမည့် အစီအစဉ်များကို အကြမ်းဖျင်း ဖော်ပြထားကြောင်းသာလျှင် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here