အတိုက်အခံပါတီခေါင်းဆောင် သမ္မတဖြစ်လာမည်ကိုစိုးရိမ်သဖြင့် ဓ-ါးဖြင့်ထို-းခဲ့ခြင်းဖြစ်ဟုကျူးလွန်သူထွက်ဆို

0
141

ဆိုးလ်၊ဇန်နဝါရီ ၁၀

တောင်ကိုရီးယားနိုင်ငံ၊ဘူဆန်မြို့၌ အတိုက်ခံပါတီခေါင်းဆောင် လီဂျေးမြောင်အား ပြီးခဲ့သည့်ဇန်နဝါရီ ၂ ရက်က လည်ဂုတ်ကိုဓ-ားနှင့်ထို-းပြီး လုပ်ကြံရန်ကြိုးစားခဲ့သည့်တရားခံအမျိုးသားက ၎င်းအနေနှင့် လီ ကို သမ္မတဖြစ်လာမှာစိုးရိမ်မိသဖြင့် ယခုကဲ့သို့ လုပ်ကြံဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ရဲတပ်ဖွဲ့ကို ထွက်ချက်ပေးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင် လီအား လုပ်ကြံရန်ကြိုးစားခဲ့သူသည် အသက် ၆၇ နှစ်အရွယ်ရှိပြီး မိသားစုအမည် ကင် ဟုသိရကာ ၎င်းကိုဆက်လက်စစ်ဆေးမှုတွများကို ပြုလုပ်လျက်ရှိပြီး လူ-သ-တ်ရန်ကြံစည်မှုနှင့် တရားစွဲသွားမည်ဟု ဘူဆန်မြို့ရဲတပ်ဖွဲ့ကပြောကြားသည်။

ဘူဆန်ရဲတပ်ဖွဲ့အကြီးအကဲ ဝူချူလ်မွန်က “တရားခံက လာမယ့်ရွေးကောက်ပွဲမှာ အတိုက်အခံတွေက အမတ်နေရာအများစုရလာနိုင်လို့ လီကို နိုင်ငံရဲ့သမ္မတဖြစ်လာမှာစိုးတဲ့အတွက် သ-တ်ဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်” ဟုပြောကြားခဲ့သည်။

ဇန်နဝါရီ ၂ ရက်က အဓိကအတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်ပါတီခေါင်းဆောင် လီဂျေးမြောင်အား မစ္စတာကင်က လည်ပင်းကိုဓ-ားနှင့်ထို-းကာ လုပ်ကြံသ-တ်ဖြ-တ်ဖို့ကြိုးစားခဲ့ပြီး နေရာ၌ပင် ကင်ကို ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။

လီကိုမူ ဆိုးလ်‌မြို့သို့ ‌ေ-သွးကြောပြန်လည်အစားထိုးခွဲစိတ်ကုသမှုပြုရန် လေကြောင်းဖြင့်ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းမှာပင် ဆေးရုံကပြန်ဆင်းသွားခဲ့ပြီဟုသိရကာ ၎င်း၏နေအိမ်၌ပင်ဆေးကုသမှုခံယူသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ဇန်န‌ဝါရီ ၁၀ ရက်အစောပိုင်းမှာပင် တရားစွဲရန်လွှဲပြောင်းပို့ဆောင်ပေးမည့် ကျူးလွန်သူ ကင်အား သတင်းထောက်များအရှေ့ ပေါ်လာသည်ကိုတွေ့ကြရပြီး ကင်က ယခုအမှုတွင် ကြံရာပါမရှိဘဲ သူတစ်ဦးတည်းကျူးလွန်ခဲ့တာဖြစ်သည်ဟုပြောကြားခဲ့သည်။

၎င်းအနေနှင့် နိုင်ငံရေးသမားများအပေါ် မကျေမချမ်းဖြစ်မိသည်များကို ရင်ဖွင့်ချင်မိပြီး တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများနှင့်ပတ်သက်၍ ကြေကွဲဝမ်းနည်းမိသဖြင့် ယခုလိုပြုမိခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ရဲတပ်ဖွဲ့ကမူ ဤအမှုတွင် တရားခံနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်းဖွင့်ဟပြောဖို့ ဥပဒေကြောင်းအရ ခွင့်မပြုဘူးဟုဆိုခဲ့ပြီး ကင် ၏မှတ်ပုံတင်၊အမည်အရင်း၊ဓာတ်ပုံစသည်များကို အများသိအောင် ပြောကြားမှုမပြုခဲ့ပေ။

Source : ယွန်ဟပ်


LEAVE A REPLY

Please enter your comment!
Please enter your name here