ပါပူအာနယူးဂီနီ ဆူပူအဓိကရုဏ်းဖြစ်စဉ်တွေမှာ လူ ၁၅ ဦး ‌ေ-သဆုံးခဲ့ပြီးနောက် ဥပဒေမဲ့လုပ်ရပ်တွေကို နှိမ်နင်းသွားမယ်လို့ အစိုးရ ကတိပြု

0
244

ဒေါသထွက်နေတဲ့ လူအုပ်တွေက အဆောက်အအုံတွေကို မီးရှို့တိုက်ခိုက်ကာ ဈေးဆိုင်တွေကို လုယက်ဖျက်ဆီးခဲ့ကြသလို လူ ၁၅ ဦးအထိ ‌ေ-သဆုံးခဲ့ပြီဖြစ်တဲ့ အဓိကရုဏ်းတွေပေါ်ပေါက်လာအပြီးမှာ ဥပဒေမဲ့လုပ်ရပ်တွေကို နှိမ်နင်းသွားမယ်လို့ ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်က ကြာသပတေးနေ့ (ဇန်နဝါရီ ၁၁) မှာ ကတိပြု​ပြောကြားလိုက်ပါတယ်။

စစ်သားတွေ၊ ရဲတွေနဲ့ အကျဉ်းထောင်အစောင့်တွေပါဝင်တဲ့ အုပ်စုတစ်ခုက အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေစတင်ခဲ့အပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းက မြို့တော် Port Moresby မှာ ဆူပူအကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ယင်းနောက် နာရီပိုင်းအတွင်းမှာပဲ မြို့တော်မြောက်ဘက် ၁၈၆ မိုင်အကွာရှိ Lae မြို့မှာလည်း အဓိကရုဏ်းတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ဝန်ကြီးချုပ် ဂျိမ်းစ် မာရိပ်က တိုင်းပြည်ကို တောင်းပန်စကားဆိုခဲ့ပြီး တရားမဲ့မှုတွေ ပေါ်ပေါက်နေတာကို သည်းခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီနိုင်ငံဟာ မိမိနိုင်ငံဖြစ်သလို သင်တို့ရဲ့ နိုင်ငံလည်းဖြစ်ပါကြောင်း တရားဥပဒေကို ချိုးဖောက်ခြင်းဖြင့် လိုချင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

ပြည်တွင်း မငြိမ်သက်မှုဖြစ်စဉ်တွေအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ ရဲမင်းကြီး ဒေဗစ်မန်နင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ Port Moresby ရဲ့ အကြီးဆုံး ဆေးရုံမှာ သေနတ်ဒ-ဏ်ရာနဲ့ လူ ၂၅ ဦး ဆေးကုသမှုခံယူနေရပြီး ဓ-ါးဒ-ဏ်ရာရခဲ့သူ ခြောက်ဦးရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

AFP ရုပ်သံပြကွက်တွေအရ လုယက်သူတွေဟာ မြို့တော်ရှိ စတိုးဆိုင်တွေအတွင်းကို မှန်ပြတင်းပေါက်တွေ ရိုက်ခွဲဝင်ရောက်ပြီး ကတ္ထူပုံးတွေ၊ ဈေးဝယ်တွန်းလှည်းတွေနဲ့ ပလပ်စတင်းခြင်းတွေထဲ ပစ္စည်းတွေထည့်ကာ ခိုးယူနေခဲ့ကြတာကို တွေ့ရပါတယ်။ အမျိုးသားတစ်ယောက်ဟာဆိုရင် ရေခဲသေတ္တာတစ်လုံးကို ပခုံးပေါ်ထမ်းယူသွားတာလည်း တွေ့မြင်ရပါတယ်။ အဆောက်အအုံတွေ၊ ကားတွေ မီးရှို့ခံခဲ့ရပြီး မြို့ပေါ်က အဓိကရုဏ်းအဆိုးဝါးဆုံး ပေါ်ပေါက်နေတဲ့ အစိတ်အပိုင်းတွေမှာ မီးခိုးလုံးအမည်းတွေထွက်ပေါ်နေတာတွေ့ရပါတယ်။

Port Moresby ရှိ အမေရိကန်သံရုံးဝန်းအနီး လုယက်သူအုပ်စုတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ကြိုးပမ်းနေစဉ် သံရုံးက ‌ေ-သနတ်ပစ်ဖောက်မှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆူပူအကြမ်းဖက်သူတွေဟာ တရုတ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ပေကျင်းက ပါပူအာနယူးဂီနီ အစိုးရထံ ကန့်ကွက်လွှာပို့ခဲ့ပါတယ်။

သူတို့ရဲ့ လစာတွေကို တစ်စုံတစ်ရာ ရှင်းပြချက်မရှိဘဲ ရပ်ဆိုင်းထားလိုက်တယ်ဆိုတာ သိရှိခဲ့ပြီးနောက် ပါပူအာနယူးဂီနီပါလီမန်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ လုပ်ခလစာဆိုင်ရာ ချို့ယွင်းချက်တစ်ခုဖြစ်တယ်လို့ ဖော်ပြပြီး အလျင်အမြန် ဖြေရှင်းပေးသွားမယ်လို့ အစိုးရက ကတိပြုခဲ့ပေမယ့် ဒေါသဖြစ်နေတဲ့ အရပ်သားတွေကို ရုန်းရင်းဆန်ခတ်မှုအတွင်း ပါဝင်မလာစေရေးအတွက်တော့ မလုံလောက်ခဲ့ပါဘူး။

Ref: France 24


LEAVE A REPLY

Please enter your comment!
Please enter your name here