ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပခဲ့ဖူးသော ကယ်လီဖိုးနီးယား နှင်းလျှောစီးအပန်းဖြေစခန်းတွင် နှင်းပြိုကျမှုကြောင့် လူ ၁ ဦး ေ-သဆုံးပြီး ၃ ဦး ဒ-ဏ်ရာရ

0
130

ကယ်လီဖိုးနီးယားပြည်နယ် တာဟိုမြို့အနီးရှိ ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပခဲ့ဖူးသော Palisades Tahoe နှင်းလျှောစီးအပန်းဖြေစခန်းတွင် နှင်းခဲများပြိုကျမှုတစ်ခု ဗုဒ္ဓဟူးနေ့ဖြစ်ပွားခဲ့ရာ လူလေးဦးထက်မနည်းဒ-ဏ်ရာရရှိပြီး ယင်းတို့အနက်မှ တစ်ဦးေ-သဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နံနက် ၉း၃၀ နာရီခန့်တွင် နှင်းခဲများပြိုကျမှုဖြစ်ပွားခဲ့ပြီး Palisades Tahoe မှ ရှာဖွေရေးသမားများက ဓာတ်လှေကားအောက်ရှိ ဧရိယာအား ပိတ်ဆို့ထားကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ယင်းစခန်းကို ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပြီး မိနစ် ၃၀ မျှအကြာတွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှင်းပြိုကျမှုဧရိယာအဝန်းအဝိုင်းသည် ပေ ၁၅၀ (၄၅.၇၂ မီတာ) ကျယ်ဝန်းကာ ပေ ၄၅၀ (၁၃၇.၁၆ မီတာ) အရှည်နှင့် ၁၀ ပေ (၃.၀၅ မီတာ) နက်ခဲ့သည်ဟု ရဲမှူးရုံးက ပြောသည်။

Palisades Tahoe ၏ ဥက္ကဌ Dee Byrne က “ဒီနေ့ဟာ ဒီနေရာက လူတိုင်းအတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ”လို့ ပြောခဲ့ပါတယ်။

နှင်းပြိုကျရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

Palisades Tahoe တွင် ၁၉၆၀ ခုနှစ်က ဆောင်းရာသီ အိုလံပစ်ပွဲကျင်းပခဲ့ဖူးပြီး၊ နီဗားဒါး၊ ရီနိုမြို့မှ မိုင် ၄၀ (၆၄ ကီလိုမီတာ) အကွာတွင်ရှိသော Tahoe ရေကန်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here