ပင်လယ်နီအတွင်းတိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန် ဟူသီကိုကုလတောင်းဆို

0
200

ကုလသမဂ္ဂ၊ဇန်နဝါရီ ၁၁

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် အီရန်ကျောထောက်နောက်ခံပြု ယီမင်ရှိဟူသီသူပုန်များအား ပင်လယ်နီအတွင်းသွားလာနေသည့် သင်္ဘောများကိုတိုက်ခိုက်နေမှုများအား ချက်ချင်းရပ်တန့်ရန် ဇန်နဝါရီလ ၁၀ ရက်နေ့က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။

ကုလသမဂ္ဂ၏တောင်းဆိုချက်၌ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးမှုအားဟန့်တားပြီး လွတ်လပ်စွာရေကြောင်းသွားလာခွင့်သာမက ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိခိုက်စေသည့် ဟူသီသူပုန်များ၏ အဆိုပါတိုက်ခိုက်မှုအားလုံးကိုချက်ချင်းရပ်တန့်ပေးရန်လည်းပါရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ပင်လယ်နီအတွင်းရှိသင်္ဘောများတိုက်ခိုက်ခံနေရသည့်အပေါ် အလွန်အမင်းစိုးရိမ်လျက်ရှိကာ အဆိုပါဖြစ်ရပ်များသည် ပင်လယ်နီအတွင်းရှိအခြေအနေများသာမက ကမ္ဘာ့ကုန်သွယ်ရေးအတွက်ပါ စိုးရိမ်စရာဖြစ်လာသည့်အကြောင်းလည်းပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့၏ အစ္စရေးနိုင်ငံအတွင်းသို့ စတင်ပစ်ခတ်တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာရသည့် ဂါဇာကမ်းမြောင် ဒေသပဋိပက္ခအတွင်း အစ္စရေး ၏လက်တုန့်ပြန်မှုများကြောင့် ပါလက်စတိုင်းပြည်သူများအထိနာနေရသည့်အပေါ် တန်ပြန်သည့်အနေဖြင့် ဟူသီတို့က ပင်လယ်နီအတွင်းသွားလာနေသည့်သင်္ဘောများအား ယင်းသို့တိုက်ခိုက်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here