အရှေ့တရုတ်ပင်လယ် အငြင်းပွားရေပြင်အတွင်း တရုတ်ကမ်းခြေစောင့် တပ်သင်္ဘောတွေ ဝင်ရောက်

0
156

ရေကြောင်းသွားလာမှု ကာကွယ်ပိုင်ခွင့် အစီအမံလုပ်ဆောင်ခြင်းအဖြစ် ကြာသပတေးနေ့ (ဇန်နဝါရီ ၁၁) မှာ ဒိုင်အိုယုကျွန်းစု ပိုင်နက်ရေပြင်မှာ ကင်းလှည့်မှုလုပ်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ပြောဆိုခဲ့ပါတယ်။

အရှေ့တရုတ်ပယ်လယ်မှာ တည်ရှိတဲ့ ယင်းကျွန်းငယ်တွေကို တရုတ်၊ ဂျပန်နှစ်နိုင်ငံစလုံးက ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြပြီး ဂျပန်က ယင်းကျွန်းတွေကို စင်ကာကူကျွန်းစုလို့ ခေါ်ဆိုပါတယ်။ ယင်းအငြင်းပွား ကျွန်းစုအရေးဟာ တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးမှာ ကာလကြာရှည် အတားအဆီးဖြစ်နေခဲ့တဲ့ အရေးကိစ္စလည်းဖြစ်ပါတယ်။

ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့ တရုတ်ကမ်းခြေစောင့် တပ်သင်္ဘောလေးစင်းကို မိမိတို့ ရေပိုင်နက်ကနေ ထွက်ခွာဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့် တပ်သင်္ဘောတွေ အငြင်းပွားရေပြင်ကို ဝင်ရောက်လာခြင်းဟာ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here