ချောင်းသာကမ်းခြေရှိ ပင်လယ်ရေအောက်သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး ဝိုင်းဝန်းလုပ်ဆောင်ကြရန် လိုအပ်

0
189

ချောင်းသာကမ်းခြေရှိ ပင်လယ်ရေအောက် သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO)များနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်အသီးသီးမှ အစိုးရ၊ ပုဂ္ဂလိက Stakeholders များ အားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက တိုက်တွန်‌ပြောကြားလိုက်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ယမန်နေ့ ဇန်ဝါရီ (၁၀) ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူများကို Azura Hotel ၌ တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကမ်းခြေဒေသကို သန့်ရှင်းသာယာလှပပြီး ရေရှည်တည်တံ့စေရေး၊ ပင်လယ်ရေအောက် သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်မှုမရှိစေရေးနှင့် ဒေသခံပြည်သူများ လူမှုဘဝဖွံဖြိုးတိုးတက်စေရေးတို့ကို ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO)များနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်အသီးသီးမှ အစိုးရ၊ ပုဂ္ဂလိက Stakeholders များ အားလုံး ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြာကြားခဲ့သည်။

ထို့အပြင် ချောင်းသာကမ်းခြေဒေသတွင် အလွယ်တကူသွားလာနိုင်သော ခရီးစဉ်များ၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ရက်ရှည်တည်းခိုနေထိုင်လည်ပတ်နိုင်အောင်ဆွဲဆောင်နိုင်မည့် အစီအစဉ်များ ဖော်ထုတ်နိုင်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်း လိုင်စင်ရယူ၍ ဖွင့်လှစ်ထားသော ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး (၄၀)လုံးရှိပြီး ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၄၆၅၅၆)ဦး ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် (၄၁၃၃၈၉)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ နှစ်သစ်ဦးကာလမှစတင်၍ ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here