ကိုရီးယားရှိမြန်မာသံရုံးကနိုင်ငံကူးလက်မှတ်ကိုယ်စားထုတ်ယူခြင်းအတွက်လိုသည့် အထောက်အထားများထုတ်ပြန်

0
352

ကိုရီးယား သမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်များကို ကိုယ်စားပြန်လည်ထုတ်ယူခြင်းအတွက်လိုအပ်သည့် အထောက်အထားများအား မြန်မာသံရုံး ထုတ်ပြန်ထားသည်။

အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် ထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားထုတ်ယူရာတွင် လွဲမှားထုတ်ယူမှု၊ ပျောက်ဆုံးမှုများ မရှိစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်စားထုတ်ယူရာတွင် ကိုယ်စားလှယ်လွှဲစာ၊ ပြန်လည်ထုတ်ယူရန် ရက်ချိန်းပေးထားသည့်စာရွက် (Receipt)၊ နိုင်ငံကူးလက်မှတ်မိတ္တူ (ကာယကံရှင်နှင့် ကိုယ်စားထုတ်ယူသူ)၊ ID Card မိတ္တူ (ကာယကံရှင်နှင့် ကိုယ်စားထုတ်ယူသူ) တို့ လိုအပ်ပြီး ကိုယ်စားလှယ်လွှဲစာအား ကာယကံရှင်ကိုယ်တိုင်ရေးရမည်ဖြစ်သည်။

နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပြီးပါက ရက်ချိန်းပေးထားသည့်နေ့ မွန်းလွဲ (၂) နာရီမှ (၄) နာရီအတွင်း ကိုယ်တိုင်ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here