အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၇ မိုင်အနီးတွင် ယာဉ် (၂)စီး တိုက်မိပြီး (၂) ဦး ‌ေ-သဆုံး

0
138

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၇/၂) နှင့် (၃၃၇/၃) အကြားတွင် Mark II ယာဉ်နှင့် Allison အဖြူရောင်ယာဉ်တို့ တိုက်မိရာမှ Mark II ယာဉ်ပေါ်မှ (၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၁) ရက်၊ ညနေ (၅)နာရီ အချိန်ခန့်က အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၇/၂) နှင့် (၃၃၇/၃) အကြားတွင် Mark II ယာဉ်မှာ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော Allison အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှု သတင်းအရ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် Mark II ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့ရသဖြင့် မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် တံတားဦးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့သေးပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး အသက်ဆုံးရှုံခဲ့ရပြီး (၁၂) ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here