အနောက်မှယူကရိန်းသို့အကူအညီတုံ့ဆိုင်းနေခြင်းက ပူတင်အားပိုမိုရဲတင်းလာစေသည်__ဇလန်းစကီး

0
215

ဗေးနီးယပ်စ်၊ဇန်နဝါရီ ၁၁

အနောက်နိုင်ငံများ၏ ယူကရိန်းသို့ထောက်ပံ့ပေးရန်အကူအညီများကြန့်ကြာနေမှုကြောင့် ပူတင်သည်ပိုမိုရဲတင်းလာသည်ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့ပြီး လက်ရှိအချိန်၌ ယူကရိန်းတွင် လေကြောင်းကာကွယ်ရေးစနစ်ကို အလွန်အမင်း လိုအပ်နေသည်ဟုလည်းထုတ်ဖော်ပြောကြားခဲ့သည်။

ဆက်လက်၍လည်း သမ္မတဇလန်းစကီးက ပူတင်အနေဖြင့် ယူကရိန်းကိုအနိုင်ရသည့်တိုင်အောင် ယူကရိန်းနှင့်တင်ရပ်တန့်နေမည်မဟုတ်ကြောင်းလည်းလစ်သူရေးနီးယားနိုင်ငံ ဗေးနီးယပ်စ်မြို့သို့အလည်ရောက်ရှိနေစဉ်ပြောကြားခဲ့သည်။

သမ္မတဇလန်းစကီးသည် အနောက်မဟာမိတ်များ၏ ထောက်ပံ့မှုအပြင် အခြားမဟာမိတ်များပါ ရှာဖွေသည့်အနေဖြင့် ဘောလ်တစ်မဟာမိတ်နိုင်ငံများဖြစ်သည့် လစ်သူယေးနီးယား၊လတ်ထ်ဗီးယားနှင့်အက်စတိုးနီးယားနိုင်ငံများသို့ရောက်ရှိနေခြင်းလည်းဖြစ်သည်။

အဆိုပါနိုင်ငံများသည် ယခင်က ဆိုဗီယက်ပြည်ထောင်စုလက်အောက်မှနိုင်ငံများဖြစ်ပြီး ယခုအခါတွင်မှ အီးယူနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်နေကြခြင်းလည်းဖြစ်သည်။

သမ္မတဇလန်းစကီးကမူ ယူကရိန်းအားကူညီရန်မဟာမိတ်နိုင်ငံများက ချိန်ဆနေမှုကသာလျှင် ရုရှားအတွက် သတ္တိနှင့်ခွန်အားကိုဖြစ်ပေါ်စေသည်ဟုဆိုခဲ့ပြီး ရုရှားအနေဖြင့် ယူကရိန်းနှင့်သာရပ်တန့်နေမည်မဟုတ်ဘဲ နောက်ပိုင်းတွင် ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများဖြစ်ခဲ့ဖူးသည့် လစ်သူယေးနီးယား၊လတ်ထ်ဗီးယားနှင့်အက်စတိုးနီးယားတို့အထိပါ ဩဇာဖြန့်ကျက်ရန်ကြိုးပမ်းလာလိမ့်မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here