ဒီဇင်ဘာ၌ ကိုဗစ်ကြောင့်‌ေ-သဆုံးသူ ၁၀,၀၀၀ အထိရှိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

0
208

အားလပ်ရက်များစွာနှင့် လူစုလူဝေးများပြားသည့် ဒီဇင်ဘာတစ်လထဲ၌ပင် ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့် ‌ေ-သဆုံးသူ ၁၀,၀၀၀ နီးပါးရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဥရောပနှင့်အမေရိကရှိ နိုင်ငံပေါင်း ၅၀ နီးပါးတွင်လည်း တစ်လအတွင်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက်သူ ၄၂ ရာခိုင်နှုန်းခုန်တက်ခဲ့သည်ဟုကုလသမဂ္ဂကျန်းမာရေးအေဂျင်စီကပြောကြားခဲ့ပြီး နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက အထူးကြပ်မတ်ကုသဆောင်သို့ရောက်ရှိခဲ့သည့် လူနာဦးရေမှာ ၆၂ ရာခိုင်နှုန်းပိုတိုးလာသည်ဟုလည်းဆိုသည်။

“တစ်လအတွင်း လူ‌ေ-သဆုံးမှု ၁၀,၀၀၀ ဆိုတဲ့ ပမာဏက ကူးစက်ရောဂါအထွဋ်အထိပ်ဖြစ်ပွားခဲ့တဲ့ အချိန်တုန်းကထက် အဆပေါင်းများစွာလျော့နည်းပေမဲ့ ကာကွယ်နေနိုင်တဲ့အချိန်မှာ ခုလို‌ေ-သဆုံးမှုအဆင့်က လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတင်းထောက်များအားပြောကြားခဲ့သည်။

ကိုဗစ်ဗီဇပြောင်း မျိုးကွဲ JN.1 သည် ယခုလက်ရှိကမ္ဘာပေါ်၌အတွေ့ရှိရဆုံး မျိုးကွဲဖြစ်နေပြီး မျိုးကွဲ Tedros သည်လည်း အခြားနိုင်ငံများ၌ ဖြစ်ပွားမှုမြင့်တက်နေကာ စောင့်ကြည့်ကြပ်မတ်ရန်နှင့်ကုသမှုဆက်လက်ခံယူရန် သက်ဆိုင်ရာအစိုးရများအား တိုက်တွန်းထားကြောင်းလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာအကြီးအကဲ ဒေါက်တာ မိုက်ကယ်ရိုင်ယန်ကလည်း လူများအား ဖြစ်နိုင်လျှင် ကာကွယ်ဆေးထိုးရန်နှင့်နှာခေါင်းစည်းများတပ်ဆင်ကြရန်အကြံပြုထားသည်။

“ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ကူးစက်တာကို မတားဆီးနိုင်ပေမဲ့ ဆေးရုံတက်ရတာမျိုး‌တွေ၊‌ေ-သဆုံးနိုင်ခြေတွေကိုတော့ သိသိသာသာလျော့ကျစေပါတယ်” ဟုလည်းမိုက်ကယ်ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ဝူဟန်မြို့၌ ဗိုင်းရပ်စ်စတင်တွေ့ရှိပြီးနောက် သုံးနှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် မေလတွင် WHO က ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ရောဂါအား ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ်မှပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

Source : ဒီဒဗလျူ


LEAVE A REPLY

Please enter your comment!
Please enter your name here