အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၇/၂ အနီးတွင် ယာဉ် (၂)စီး တိုက်မိမှုဖြစ်ပွားရာ (၄) ဦး အသက်ဆုံးရှုံး

0
208

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၇/၂) နှင့် (၃၃၇/၃) အကြားတွင် Mark II ယာဉ်နှင့် Allison အဖြူရောင်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားရာ ကနဦး (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ည (၉)နာရီအချိန်ခန့်တွင် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ (၂) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထပ်မံထုတ်ပြန်ရာ စုစုပေါင်း (၄)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ (၁၁) ရက်၊ ညနေ (၅)နာရီ အချိန်ခန့်က အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၇/၂) နှင့် (၃၃၇/၃) အကြားတွင် Mark II ယာဉ်မှာ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားစဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော Allison အဖြူရောင်ယာဉ်မှ Mark II ယာဉ်ကို ခါးလည်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှု သတင်းအရ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင် (၁+၅)ဦး၊ ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၁+၄)ဦး၊ စကားအင်းအမြန်လမ်း ရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင်(၂+၇)ဦးနှင့် အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် Mark II ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦးအနက်၊ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့သည်ဟု ညနေ (၅)နာရီက မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ရာ ည (၉)နာရီအချိန်ခန့်တွင် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း (၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

ထို့အပြင် တစ်ဖက်မှ ALLION ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး၊ မိန်းခလေးငယ် (၁)ဦး စုစုပေါင်း (၃)ဦးအနက်၊ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ 192 သူနာတင်ယာဉ်တို့ဖြင့် တံတားဦးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကျန်ခဲ့သည့် ဇန်နဝါရီ (၉) ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မိ (၃) ကြိမ် ဖြစ်ပွားခဲ့သေးပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး အသက်ဆုံးရှုံခဲ့ရပြီး (၁၂) ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here