အမြန်လမ်းမတွင် အပေါ့စွန့်ရန်သွားသည့် ခရီးသည် အမျိုးသား (၂)ဦး ပေ (၂၀)အမြင့်ရှိ တံတားပေါ်မှ အောက်သို့ ပြုတ်ကျကာ ထိခိုက်ဒဏ်ရာရ

0
176

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၉/၆)ဖာလုံတွင် ခရီးသည်တင် ယာဉ်တစ်စီးမှ အမျိုးသား (၂)ဦး အပေါ့စွန်ရန် ကားပေါ်မှ ဆင်းကာ တံတားပေါ်သို့ သွားရာ ‌ခြေချော်ပြီး ပေ (၂၀)အမြင့်ရှိ တံတားပေါ်မှ အောက်သို့ မှောက်လျက်ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၁၁) ရက် ည(၈)နာရီအချိန်ခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် ယာဉ်တစ်စီးမှ မိုင်တိုင်အမှတ်(၂၂၉-၆)ဖာလုံရှိ တံတားအကျော်တွင် ခရီးသည်များ အပေါ့အပါးသွားရန် ကားကို ခဏရပ်တန့်ပေးခြင်းဖြစ်သည်။

ယာဉ်ပေါ်မှ အမျိုးသား (၂)ဦးမှာ အပေါ့စွန်ရန် ကားပေါ်မှ ဆင်းကာ တံတားပေါ်သို့သွားရာ ‌ခြေချော်ပြီး ပေ(၂၀)အမြင့်ရှိ တံတားပေါ်မှ အောက်သို့ မှောက်လျက်ပြုတ်ကျခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းအရ ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here