မဟာဗန္ဓုလမ်း လမ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားထိ ကတ္တရာကွန်ကရိ လမ်းသစ်ဖွင့်လှစ် 

0
149

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ပန်းဘဲတန်းမြိုနယ်၊ ရွှေဘုံသာလမ်းနှင့် မဟာဗန္ဓုလမ်း (လမ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားထိ) ကတ္တရာကွန်ကရိ လမ်းသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။ 

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်းလမ်း အဆင့်မြှင့်တင်ခဲ့သော မဟာဗန္ဓုလလမ်း (လ မ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားထိ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မဟာဗန္ဓုလလမ်းမှာ ရန်ကုန်မြိုတော်၏ Central Business District Area အတွင်းရှိ အရှေ့အနောက် ဆက်သွယ်သည့် အဓိကလမ်းမကြီး (၅) လမ်းတွင်ပါဝင်ပြီး မဟာဗန္ဓုလလမ်း (လမ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားအထိ) စုစုပေါင်းပေရှည် ၁၃၁၀၀ ပေ (၂ မိုင် ၄ ဖာလုံ) အား ကတ္တရာကွန်ကရိထပ်ပိုးလွှာ ခင်းလမ်းအဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။

မဟာဗန္ဓုလလမ်း ကတ္တရာကွန်ကရိ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယမြိုတော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဌာနမှူး ဦးလင်းခိုင်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေးဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း သိရသည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးကြကာ ကတ္တရာကွန်ကရိ လမ်းသစ်အားလှည့်လည်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here