မြန်မာ့လက်ရွေးစင်အသင်း၏ ထရိန်နင် ဒုတိယရက်တွင် မြင့်တွေ့ခဲ့ရသည့် ကျော်ကိုကို

0
146

မြန်မာ့လက်ရွေးစင် အသင်းနှင့် (၄) နှစ်ကျော် ဝေးကွာခဲ့သည့် တစ်ချိန်က ပြည့်သူ့အချစ်တော် ကစားသမားတစ်ဦးဖြစ်သည့် တိုက်စစ်မှုး ကျော်ကိုကိုအား မြန်မာ့လက်ရွေးစင်အသင်း၏ ထရိန်နင် ဒုတိယရက်တွင် မြင့်တွေ့ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Michael Feich tenbeiner သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၂၈) ဦးစာရင်းကို ဇန်နဝါရီလ (၉) ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါက စားသမားစာရင်းတွင် ဝါရင့်တိုက်စစ်မှုး ကျော်ကိုကိုအားပြန် လည်ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် လာမည့် မတ်လတွင် ဆီးရီးယား အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည် ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်မှ (၂၀) ရက်အထိ ရန်ကုန်မြို့တွင် စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here