ပြည်ပအဝယ်လိုက်ခြင်းကြောင့် မန္တလေးဈေးကွက်တွင် ပဲကြီး အရောင်းအဝယ်ကောင်းနေ

0
178

ပြည်ပအဝယ်လိုက်ခြင်းကြောင့် မန္တလေး ပဲဈေးကွက်အတွင်း၌ ပဲကြီးအရောင်းအဝယ် ကောင်းနေကြောင်း  သိရသည်။

ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူမှုများရှိလာသည့်အတွက် ပြည်တွင်း၌လည်း ယခင်ကထက် အရောင်းအဝယ်ကောင်းလာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

မန္တလေးဈေးကွက်တွင် လတ်တလော ဖြစ်ပေါ်နေသည့် ဈေးနှုန်းအရ ပဲကြီးဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ပဲကြီးကို နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ကယားပြည်နယ်နှင့်ကရင် ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်၊ ဥရောပနိုင်ငံအချို့နှင့် အာရှနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပဲကြီးကို ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here