ASEANAPOL ၏ အမှုဆောင်အရာရှိ တာဝန်ကို မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

0
189

ASEANAPOL ၏ အမှုဆောင်အရာရှိတာဝန်ကို လက်ရှိ တာဝန်ယူထားသည့် မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ တာဝန်လွှဲပြောင်း ပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ASEANAPOL ၏ အမှုဆောင်အရာရှိ လွှဲပြောင်း လက်ခံပွဲအခမ်းအနားကို ဇန်နဝါရီ (၁၁) ရက်က မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ရဲတပ်ဖွဲ့ဝင်များအကြား နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ဖြစ်သည့် ASEANAPOL ၏ အမှုဆောင်အရာရှိ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားသို့ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းနားသို့ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင်နှင့် အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ASEANAPOL ၏ လက်ရှိ အမှုဆောင်အရာရှိ ဖြစ်သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်လင်းထွန်းမှ ဖိလစ်ပိုင်နိုင်ငံ၊ ရဲတပ်ဖွဲ့ ရဲမှူးကြီး Police Colonel David Martinez Vinluan ထံသို့ တာဝန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here