ဟံသာဝတီယူနိုက်တက်မှ ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည့် ရန်ကုန်ယူနိုက်တက်

0
192

မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီ ယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် (၃၃) နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ်ထွန်းခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်ကစားသမားဘဝကို (၂၀၀၉) ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပချိန်ကတည်းက ဆောက်သမ်းမြန်မာ အသင်းတွင် ကစားခဲ့သူဖြစ်သည်။

“ဆောက်သမ်းမြန်မာအသင်းမှာကတည်းက ရန်ကုန်ယူနိုက်တက်မှာ ကန်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ အသင်းကြီးတစ်သင်းမှာ ကန်ခွင့်ရဖို့နဲ့ AFC မှာ ကန်ချင်တာက ကျွန်တော်ရဲ့ ရည်မှန်းချက်ပါ။အသင်းနဲ့အတူ ပွဲတိုင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ချန်ပီယံရရှိအောင် ကြိုးစားချင်ပါတယ်” ဟု ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင် ဆိုသည်။

ပြည့်ဖြိုးအောင်သည် ဆောက်သမ်းမြန်မာ အသင်း၌ ကစားခဲ့စဥ်ကာလအတွင်း မြန်မာယူ-(၁၇)၊ (၁၉)၊ (၂၀)၊ (၂၃) စသည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများတွင် ရွေးချယ်ခံခဲ့ရသလို (၂၀၁၁) ခုနှစ်တွင်လည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ကြောင်းလည်း သိရသည်။

ဆောက်သမ်းမြန်မာအသင်းနှင့် (၁၁) နှစ်ကြာ ကစားခဲ့ပြီးနောက် (၂၀၂၀) ပြည့်နှစ်တွင် ဟံသာဝတီယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၃) နှစ် ပါဝင်ကစားခဲ့ကာ ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

Photo – Yangon United


LEAVE A REPLY

Please enter your comment!
Please enter your name here