ကရင်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ရွှေကုက္ကိုလ်အသင်း ဆွတ်ခူး

0
158

(၂၄)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ရွှေကုက္ကိုမြိုင်ရပ်ကွက်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ၊ ဗိုလ်လုပွဲစဉ်အတွင်း ရွှေကုက္ကိုလ်အမျိုးသမီးဘောလုံးအသင်းက ဆွတ်ခူးရရှိခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံက သိရသည်။

ဗိုလ်လုပွဲစဉ်တွင် ARKU’S FAMILY အသင်းနှင့် ရွှေက္ကိုလ်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ၊ ရွှေကုက္ကိုလ်အမျိုးသမီးဘောလုံးအသင်း တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ် သည်။

ဗိုလ်လုပွဲ အနိုင်ရရှိခဲ့သည့် ရွှေကုက္ကိုလ်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ကျပ်သိန်း(၁၅၀)အားဆွတ်ခူးရရှိခဲ့သည်။

အလားတူ အမျိုးသား ဗိုလ်လုပွဲစဉ်တွင်လည်း B.S.O အသင်းနှင့် ရထိုက် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ၊
B.S.O အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ကရင်သက္ကရာဇ်(၂၇၆၃ခုနှစ်) (၂၄)ကြိမ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ရွှေကုက္ကိုမြိုင်ရပ်ကွက်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ၊ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here