ဂါဇာ ဥမင်လိုဏ်ခေါင်းများတွင်းရေလွှမ်းမိုးစေခြင်းကို လူမျိုးတုံးသ-တ်ဖြ-တ်မှုဟု ယူဆနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်ဆို

0
146

ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်တို့ပြုလုပ်ထားသော ဥမင်လိုဏ်ခေါင်းများအတွင်းသို့ ပင်လယ်ရေများပို့လွှတ်ကာ လိုဏ်ခေါင်းများအတွင်း ရေလွှမ်းမိုးစေခြင်းကို လူမျိုးတုံးသ-တ်ဖြ-တ်မှုဟု ယူဆနိုင်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ အမြဲတမ်းကိုယ်စားလှယ် Vasily Nebenzya က သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ဂါဇာရှိ ဥမင်လိုဏ်ခေါင်းများအတွင်း ရေလွှမ်းမိုးစေကာ အတွင်းတွင်နေထိုင်သူများ ရေမွန်း၍‌ေ-သကြေကြစေရန်ပြုလုပ်ခြင်းများသည် လူမျိုးတုံးသ-တ်ဖြ-တ်မှုကို သတ်မှတ်ချက် အစိတ်အပိုင်းများထဲမှ တစ်ခုအဖြစ် ကိုက်ညီသည်”ဟု ၁၉၄၈ ခုနှစ်က ထုတ်ပြန်ခဲ့သော လူမျိုးတုံးသ-တ်ဖြ-တ်မှု မှုခင်းများကာကွယ်ရေး ညီလာခံ၏ သတ်မှတ်ချက်များကို ကိုးကား၍ အရှေ့အလယ်ပိုင်းဒေသ အခြေအနေနဲ့ ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Herzi Halevi က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ ဥမင်လိုဏ်ခေါင်းကွန်ရက်ကို ပင်လယ်ရေများပို့လွှတ်ကာ ဥမင်လိုဏ်ခေါင်းအတွင်း ရေလွှမ်းမိုးရန် ရည်မှန်းထားကြောင်း လွန်ခဲ့သည့်တစ်လခန့်က အတည်ပြုပြောကြားခဲ့ပြီး ယင်းမှာ အကြံဉာဏ်ကောင်းတစ်ခုဖြစ်ကြောင်း သူကထပ်ဆင့်ပြောကြားခဲ့သည်။

“ဂါဇာမှာ မြေအောက်အခြေခံအဆောက်အအုံတွေ အများကြီးတွေ့နေရတယ်၊ အများကြီးရှိမယ်ဆိုတာ သိတယ်။ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ဒီအခြေခံအဆောက်အအုံကို ဖျက်ဆီးပစ်ဖို့ပါပဲ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Halevi က ပြောကြားခဲ့ကြောင်း The Wall Street Journal အပါအဝင် သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here