မှော်ဘီမြို့တွင် ဆွမ်းခံထွက်လာသည့် သံဃာတစ်ပါးအား ကားတစ်စီးမှ တိုက်မိရာ ပျံလွန်တော်မူခဲ့ရ

0
150

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ ရန်ကုန် – ပြည် လမ်းမကြီးတွင် ဆွမ်းခံထွက်လာသော သံဃာတစ်ပါးအား ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ပျံလွန်တော်မူခဲ့ရကြောင်း မြို့မလူမှုကူညီရေးအသင်း (မှော်ဘီမြို့)မှ သိရသည်။

“ဆွမ်းခံထွက်လာတဲ့ ရဟန်းတစ်ပါး ကားနဲ့ တိုက်မှုဖြစ်ပွားတယ်ဆိုပြီး သတင်းပေးခေါ်ဆောင်လို့ အသင်းက ကားနဲ့ သွားရောက်သယ်ယူပြီး မှော်ဘီဆေးရုံ ရင်ခွဲတိုက်ကို ပို့ဆောင်ပေးခဲ့ရပါတယ်။”ဟု မြို့မလူမှုကူညီရေးအသင်း (မှော်ဘီမြို့)က ဆိုသည်။

မှော်ဘီမြို့ ရန်ကုန် – ပြည်လမ်းမကြီး စုပေါင်းရုံးကွေ့မိုင်တိုင် ၃၂/၀ အနီးတွင် ဇန်နဝါရီ (၁၁)ရက် နံနက် (၅)နာရီအချိန်ခန့်က ဆွမ်းခံထွက်လာသော သံဃာတစ်ပါးအား ကားနှင့် တိုက်မိမှုဖြစ်ပွားကြောင်း တာဝန်ရှိသူများမှ သတင်းပေးချက်အရ အသင်းမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာအား မြို့မလူမှုကူညီရေးအသင်း (မှော်ဘီမြို့)က ကားဖြင့် သွားရောက်သယ်ယူ၍ မှော်ဘီဆေးရုံ ရင်ခွဲတိုက်သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here