ကျွန်းဒေသရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် ထိုင်ဝမ် ရွေးကောက်ပွဲများ စတင်

0
131

ထိုင်ဝမ် သမ္မတနဲ့ ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲတွေအတွက် မဲရုံတွေကို ဒီနေ့(ဇန်နဝါရီ ၁၃) မနက် ၈ နာရီမှာ ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ အာရှရဲ့ ထိပ်တန်း လစ်ဘရယ်ဒီမိုကရေစီတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့စူပါ ပါဝါနှစ်နိုင်ငံနဲ့ ၎င်းရဲ့ ဆက်ဆံရေး အနာဂတ်ကို ပုံဖော်ပေးမယ့် လောင်းကြေးမြင့် ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

လက်ရှိအာဏာရ ဒီမိုကရေစီတိုးတက်ရေးပါတီ(DPP) မှ သမ္မတလောင်းဖြစ်တဲ့ ဒုတိယသမ္မတ လိုင်ချင်းတေဟာ ရဲချုပ်ဟောင်းလည်းဖြစ်၊ ကျွန်းဒေသရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ နယူးတိုင်ပေစီးတီးရဲ့ မြို့တော်ဝန်လည်းဖြစ်သူ ကူမင်တန်ပါတီ(KMT) မှ သမ္မတလောင်း ဟိုယူအီနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်ပေမြို့တော်ဝန်ဟောင်းဖြစ်ပြီး သက်တမ်း ၄ နှစ်သာရှိသေးသော ထိုင်ဝမ်ပြည်သူ့ပါတီ(TPP) ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုဝမ်ဂျေးဟာလည်း အဓိကနိုင်ငံရေးပါတီနှစ်ခုကို စိန်ခေါ်နိုင်သူအဖြစ်ရှိနေပါတယ်။

ဆန္ဒမဲပေးမှုတွေကို ညနေ ၄ နာရီမှာ အဆုံးသတ်မှာဖြစ်ပြီး ယင်းအချိန်လောက်မှာ မီဒီယာတွေက မဲရလဒ်တွေအပေါ် စတင်ထုတ်ပြန်ပေးမှုတွေ လုပ်ကြမှာပါ။ သမ္မတပြိုင်ပွဲမှာ အနိုင်ရရှိသူကိုတော့ ညနေပိုင်းလောက်မှာ သိရမယ်လို့ မျှော်လင့်ရပါတယ်။ ဇန်နဝါရီ ၃ ရက်ကတည်းက လူထုစစ်တမ်းကောက်ယူမှုတွေ အပြီးသတ်သွားတဲ့ ယခု ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မယ်လို့ လေ့လာသူ အများအပြားက ခန့်မှန်းကြပါတယ်။

ထိုင်ဝမ် ရွေးကောက်ပွဲဟာ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲ ၇၀ ကျော်အနက် ပထမဆုံးကျင်းပလာတဲ့ ရွေးကောက်ပွဲတွေထဲက တစ်ခုဖြစ်သလို ကျွန်းဒေသနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအပေါ် သက်ရောက်စေတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်အရှိဆုံး ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လက်ရှိအုပ်ချုပ်မှုပုံစံကို လိုလားသော ဆိုင်အင်းဝမ် ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့ပြီးနောက် ပေကျင်းဟာ သူမရဲ့ အစိုးရနဲ့ တရားဝင် အဆက်အသွယ်တွေကို ဖြတ်တောက်ပစ်ခဲ့ပြီး ထိုင်ဝမ်အနီး စစ်ရေးကျူးကျော်မှုတွေ တိုးမြှင့်ခဲ့သလို စီးပွားရေးအရလည်း ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here