တရုတ်မှာ ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှုကြောင့် လူ ၁၀ ဦးထက်မနည်း ‌ေ-သဆုံးကာ ၆ ဦး ပျောက်ဆုံးနေ

0
176

တရုတ်နိုင်ငံ အလယ်ပိုင်း Pingdingshan မြို့ကကျောက်မီး သွေးမိုင်းတွင်းတစ်ခုမှာမတော်တဆမှုဖြစ်ပွားတာကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးပြီး နောက်ထပ် ၆ ဦး ပျောက်ဆုံးလျက်ရှိတယ်လို့ ဒေသန္တာရ အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက စနေနေ့(ဇန်နဝါရီ ၁၃) မှာ ပြောဆိုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့နဲ့ တစ်မြို့လုံးအနှံ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဟီနန်ပြည်နယ်ကကျောက်မီးသွေး တွင်းထွက်ကြွယ်ဝရာ Pingdingshan မြို့မှာ လုံခြုံဘေးကင်းမှုဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းစဉ်ကြောင့် ကျောက်မီးသွေး ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေကာ ကျောက်မီးသွေးထောက်ပံ့မှုကို ထိခိုက်စေနိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကျောက်မီးသွေးထုတ်လုပ်ရာဒေသ Shanxi ပြည်နယ်မှာ လုပ်ငန်းခွင် မတော်တဆမှုတွေကြောင့် ‌ေ-သဆုံးရသူဦးရေ သိသိသာသာ မြင့်တက်လာတာကြောင့် အစိုးရအဖွဲ့က ဘေးအန္တရာယ်ကင်းမှုဆိုင်ရာ စစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျောက်မီးသွေးဈေးနှုန်းတွေ ခုန်တက်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ Pingdingshan Tianan ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းပိုင် မိုင်းတွင်းတစ်ခုမှာ သောကြာနေ့ ညနေ ၃ နာရီလောက်က ကျောက်မီးသွေးနဲ့ ဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ Pingdingshan အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဗျူယိုက ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ဒေသစံတော်ချိန် စနေနေ့ ညနေ ၃ နာရီအချိန်အထိ ‌ေ-သဆုံးသူ ၁၀ ဦးရှိကာ ၆ ဦးပျောက်ဆုံးလျက်ရှိတယ်လို့ အတည်ပြုနိုင်ကြောင်း သိရပါတယ်။ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ဖို့အတွက် ခိုင်မာတဲ့ အစီအစဉ်တွေ လုပ်ဆောင်သွားမှာဖြစ်ကာ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်သွားမှာဖြစ်ကြောင်း အေဂျင်စီက ပြောဆိုပါတယ်။

အဆိုပါ မိုင်းတွင်း မတော်တဆမှုဖြစ်ခဲ့ချိန်က မြေအောက်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသူဦးရေစုစုပေါင်း ၄၂၅ ဦး ရှိခဲ့တယ်လို့ တရားဝင်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

Ref: US NEWS,CNA


LEAVE A REPLY

Please enter your comment!
Please enter your name here