ထိုင်ဝမ်ရွေးကောက်ပွဲ လက်ရှိအာဏာရပါတီဒုသမ္မတ အနိုင်ရရှိ

0
179

တိုင်ပေ၊ဇန်နဝါရီ ၁၃

ထိုင်ဝမ်ရွေးကောက်ပွဲ၌ လက်ရှိအာဏာရပါတီ၏ ဒုတိယသမ္မတဖြစ်ပြီး ယခုရွေးကောက်ပွဲ၌ သမ္မတလောင်းအဖြစ်ဝင်ရောက်ရွေးကောက်ခံခဲ့သည့် မစ္စတာလိုင်ချင်တီအနိုင်ရရှိသွားကြောင်းသိရှိရသည်။

မစ္စတာလိုင်တို့၏ DPP ပါတီသည် တရုတ်၏ထိုင်ဝမ်အား ပိုင်နက်အဖြစ်ယူဆထားခြင်းကို တောက်လျှောက်ငြင်းပယ်လာခဲ့သည့်ပါတီတစ်ခုဖြစ်ပြီး ထိုင်ဝမ်တွင် သုံးကြိမ်တိုင်တိုင် ဆက်တိုက်အနိုင်ရရှိခဲ့သည့်ပါတီလည်းဖြစ်သည်။

မစ္စတာလိုင်သည် ပြိုင်ဘက်ကူမင်တန်ပါတီမှသမ္မတလောင်းနှင့် ယခင်မြို့တော်ဝန်ဟောင်းက ၂၀၁၉ ခုနှစ်၌တည်ထောင်ခဲ့သည့် ထိုင်ဝမ်ပြည်သူ့ပါတီမှသမ္မတလောင်းများနှင့် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ခြင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲမဲစာရင်းရလဒ်အရ ကူမင်တန်ပါတီမှ မစ္စတာ Hou က မဲအရေအတွက် ၂ ဒသမ ၇ သန်းနှင့်ဒုတိယနေရာ၌ရပ်တည်နေပြီး ထိုင်ဝမ်ပြည်သူ့ပါတီမှသမ္မတလောင်းကမူ မဲအရေအတွက်နှစ်သန်းကျော်ရုံသာရရှိခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲမစမီ မစ္စတာလိုင်က ၎င်းအားထောက်ခံအားပေးသူများကို အားပေးစကားပြောကြားခဲ့ကြောင်းလည်းသိရသည်။

“အခုချိန်မှာ ပြည်သူတွေရဲ့ မဲတစ်မဲစီတိုင်းကအရမ်းအရေးကြီးပါတယ်၊ပြည်သူတစ်ဦးရဲ့ မဲတစ်မဲက ထိုင်ဝမ်ဆိုတဲ့ကျွန်းနိုင်ငံငယ်လေးရဲ့ ခဲရာခဲဆစ်ရယူထားတဲ့ဒီမိုကရေစီဆိုတဲ့အရာကို ခိုင်မြဲစေမှာမို့ပါပဲ” ဟုလည်းပြောကြားခဲ့သည်။

တရုတ်သည် မစ္စတာလိုင်အား အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတစ်ဦးအဖြစ် တောက်လျှောက်စွပ်စွဲပြောဆိုခဲ့ပြီး မစ္စတာလိုင်ကမူ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးတည်တံ့စေရန်ကတိပြုထားပြီး နိုင်ငံ့ကာကွယ်ရေးကိုမြှင့်တင်ရန် ကတိပြုထားခဲ့သူတစ်ဦးလည်းဖြစ်သည်။

Source : သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here