မလေး၌ တောင်းရမ်းစားသောက်နေသူများဖမ်းဆီးခံရ

0
113

ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၃

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသည် မြို့တော် ကွာလာလမ်ပူ၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ တောင်းရမ်းစားသောက်နေသည့် နိုင်ငံခြားသား ၁၀ ဦးကို ဇန်နဝါရီလ ၁၂ ရက်က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏ညွှန်ကြားရေးမှူးချုပ် ဒါတူခ်ရုစလင်ဂျူဆိုသူက အဆိုပါစစ်ဆင်ရေးအတွင်း လူ ၁၃ ဦးကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်စစ်ဆေးခဲ့ပြီး လူ ၃ ဦးသည် ဒေသခံနိုင်ငံသားတွေဖြစ် သောကြောင့် ပြန်လွှတ်ပေးခဲ့ကာ အသက် ၂ နှစ်မှ ၄၁ နှစ်ကြား နိုင်ငံခြားသား ၁၀ ဦးကိုမူ ပြစ်မှုအမျိုးမျိုးနှင့်ဖမ်းဆီးထိန်းသိမ်းထားသည်ဟုပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ အင်ဒိုနီးရှားနိုင်ငံသားအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပြင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သကဲ့သို့ မြန်မာနိုင်ငံမှ ယောက်ျားလေး ကလေ-းငယ်နှစ်ဦးနှင့် မိန်းကလေးငယ်နှစ်ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါစစ်ဆင်ရေးသည် ယင်းဒေသ၌နိုင်ငံခြားသားများသည် လမ်းဘေး၌တောင်းစားသူများအဖြစ်များနေတာနှင့်ပတ်သက်ပြီး လူအများ၏တိုင်ကြားမှုများ များပြားနေတာကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသူများအား လူဝင်မှုကြီးကြပ်ရေးဥပဒေအရထိန်းသိမ်းထားပြီး ဆက်လက်စုံစမ်းစစ်ဆေးဖို့နှင့်လိုအပ်သည့်အရေးယူဆောင်ရွက်မှုများအတွက် Semenyih လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစင်တာ၌ထားရှိထားသည်ဟုလည်းသိရသည်။

Source : သည်စတား


LEAVE A REPLY

Please enter your comment!
Please enter your name here