ရပ်နားထားသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်လုပ်ဆောင်လိုကြောင်း ထိုင်းအစိုးရ ဆက်သွယ်လာဟုဆို

0
143

အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်လုပ်ဆောင်လိုကြောင်း ထိုင်းအစိုးရဘက်မှ ဆက်သွယ်လာကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီလ(၁၀)ရက်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း တာဝန်ပေးထားသည့် အီတာလျံ – ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိနေသည့်အတွက် အဆိုပါ ကိစ္စရပ်အပေါ်တွင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရေးအတွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထားဝယ် SEZ စီမံကိန်း အကောင်အထည်မှု ကြန့်ကြာခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်များ ပျက်ကွက်ခြင်း၊ ဘဏ္ဍာငွေ အထောက်အထား မတင်ပြနိုင်ခြင်း အစရှိသည့်အချက်များ ကြောင့် ရင်းနှီးတည် ဆောက်သူအဖြစ် ရွေးချယ်ခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီ (ITD) နှင့် ကနဦးအဆင့် စီမံကိန်းလုပ်ငန်း (၉) ခု အတွက် လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်အားလုံးကို ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှ စတင်ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here