ဒလ အိမ်ခြံမြေဈေးကွက် သိန်းသောင်းချီ ပေါက်ဈေးရှိသည့် မြေကွက်များအရောင်းအဝယ်ဖြစ်နေဟုဆို

0
212

ရန်ကုန်- ဒလတံတား စီမံကိန်းကြောင့် ဒလတွင် အိမ်ခြံမြေဈေးကွက်အတွင်း၌ သိန်းသောင်း​ပေါက်သည့် ဈေးအမြင့်ပိုင်းအကွက်များ အရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံမှ သိရသည်။

“သိန်းကို သောင်းနဲ့ချီပြီး အရောင်း အဝယ်ဖြစ်နေတယ်။ ဝယ်သူများနေတယ်။ အရင် သိန်း (၈၀၀) တန်က အခု သိန်း (၁၀၀၀၀) လောက်ဖြစ်နေတယ်။ လမ်းတွေခင်းလိုက်တော့ လမ်းမဘက်ကပိုဈေးရတယ်”ဟု ဒလဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဒလတံတားတည်ဆောက်နေမှုရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်သည့်အတွက် ဒလရှိမြေကွက်များ အဝယ်လိုက်လာကာ တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် – ဒလ တံတားတည်ဆောက်မှု စီမံကိန်းကို  ၂၀၂၄ ခုနှစ် ပထမပတ်တွင် အပြီးတည်ဆောက်ရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။

အဆိုပါ တံတား ပြီးစီးသွားပါက ရန်ကုန်မြို့မှတဆင့် ဒလ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည်။

ရန်ကုန် – ဒလ တံတားသည် အရှည် ၁၈၆၈ မီတာ အကျယ် ၂၆.၅ မီတာရှိပြီး (၄)လမ်းသွားတံတား ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ် ကိုယ်ထည်နှင့် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ ခံနိုင်ဝန်မှာ (၇၅) တန် ဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here