ရွှေစများကို အွန်လိုင်းစနစ်ဖြင့် ကနဦး ရောင်းချပေးနေဟု YGEA ပြော

0
299

အွန်လိုင်းစနစ်ဖြင့် ရွှေရွေးစများကို ကနဦး စတင်ရောင်းချနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ရွှေစုဆောင်းလိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းတွင် တရားဝင်ရွှေဝယ်ယူနိုင်မည့် စနစ်ဖြင့် ဝယ်ယူနိုင်သည့် ဆိုင်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ စနစ်ကို ဘဏ်တစ်ခုဖြင့် ချိတ်ဆက်ဆောင်ရွက်နေပြီး Software များစတင် ရေးဆွဲနေပြီးဖြစ်ကာ ဘဏ်များ၊ ရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗဟိုဘဏ်မှ ကုန်ပစ္စည်းအရောင်းအဝယ်နှင့် အလွှဲအပြောင်းပြုလုပ်သည့်အခါ တစ်ကြိမ်တွင် ကျပ်သိန်း ၂၀၀ ထက် မပိုရန် သတ်မှတ်ထားသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးကွက်မှာဗဟိုဘဏ်၏ နေ့စဉ်အွန်လိုင်းရောင်းဝယ်ရေး စနစ်မှ ငွေလဲနှုန်းဖြင့် တွက်ချက်ထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့နေ့လည် စျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၆၈၂,၇၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေစျေး ကျဆင်းနေပြီး ဒေါ်လာငွေလဲလှယ်နှုန်းတည်ငြိမ်နေသော်လည်း ပြည်တွင်းရွှေစျေး မြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here