၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်(၁)၊(၂)အပါအဝင် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ပြုလုပ်မည်

0
156

၂၀၂၄ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ်(၁)၊ မြန်မာနေရှင်နယ်လိဂ် (၂) အပါအဝင် အမျိုးသမီးအမှတ်‌ပေးဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Myanmar National League ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီက အသိပေးထားသည်။

အဆိုပါ ပြိုင်ပွဲများကို Myanmar National League Cup ပြိုင်ပွဲအပြင် ဖီဖာဘောလုံးပြက္ခဒိန်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဇူလှိုင်လ (၆) ရက်မှ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလကုန်ထိလည်းကောင်း၊၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်‌ပေး‌ဘောလုံးပြိုင်ပွဲကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့မှ ဒီဇင်ဘာလကုန်ထိလည်းကောင်း၊ ၂၀၂၄ မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၃)ရက်မှ အောက်တိုဘာထိလည်းကောင်း၊ MNL U-20 Youth League 2024 အမှတ်ပေးပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊မေလ(၅)ရက်နေ့မှ ဒီဇင်ဘာလကုန်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

Myanmar National League Cup 2024 ဘောလုံးပြိုင်ပွဲတွင် MNL1 နှင့် MNL2 ကလပ်အသင်းအားလုံးပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး (၆) သင်း သို့မဟုတ် (၅) သင်းစီပါသော အုပ်စု(၄)ခု မဲနိုက်ကာ အုပ်စုတိုင်းကို Two Round Robin စနစ်ဖြစ် ကစားရမာ်ဖြစ်ကြေယင်း သိရသည်။

အုပ်စုဗိုလ်(၄)သင်းအား အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲအဖြစ်ကစားရမည်ဖြစ်ရာ အကြိတ်အနယ်ရှိမည့်ပြိုင်ပွဲတစ်ခု ဖြစ်လာမည်ဟုလည်း အသိပေးချက်တွင်ပါရှိသည်။

ယင်းပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ(၁) ရက်နေ့မှ ဇွန်လ(၁၆)ရက်နေ့အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ တက္ကသိုလ်ကွင်းနှင့် တောင်ဥက္ကလာပဒေသာကွင်းများတွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲစဉ်ရေးဆွဲပွဲအခမ်းအနားကို ဖော်ဖော်ဝါရီလ ပထမပါတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနဖျင့်ပတ်သက်သည့်အစည်းအဝေးတစ်ရပ်ကို ယမန်‌နေ့မွန်းလွဲပိုင်းက သုဝဏ္ဏကွင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် – ၁ နှင့် မြန်မာနေရှင်နယ်လိဂ်-၂ မှ အသင်းစီအီးအိုများ၊ အထွေထွေမန်နေဂျာများ၊ အသင်းနည်းပြများ၊ MNL-II Promotion Amateur Club Tournament 2023 ချန်ပီယံနှင့် ဒုတိယရရှိထားသည့် အသင်းတို့မှ အသင်းတာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here