ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ခုတင်(၄၀၀)ဆံ့ အဆင့်မြင့် ခုနစ်ထပ်ဆောင် မကြာမီဖွင့်လှစ်မည်

0
128

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည့် ခုတင်(၄၀၀)ဆန့်အဆင့် မြင့်ခုနစ်ထပ်ဆောင်ကိုမကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ခုတင် (၄၀၀)ဆံ့ အဆင့်မြင့် ခုနစ်ထပ်ဆောင်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မေ (၂၇) ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်အချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံသစ်ကြီးတွင် ဓာတ်မှန်ခန်း (၆)ခန်း၊ ကွန်ပျူတာဓာတ်မှန် (၂) ခန်း ပါဝင်သော အဆောင်များ၊ ဓာတ်ခွဲခန်းများပါဝင်သောအဆောင်များ၊ဖျားနာကုသဆောင်များ၊သွေး‌ရောဂါကုသဆောင်များ၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသဆောင်များ၊ အမျိုးသား/အမျိုးသမီး လူနာဆောင်များ၊ သီးသန့်လူနာခန်းများပါဝင်သော အဆောင်များ၊ တာဝန်ကျဆရာဝန်၊ ဆရာမများ၊ သူနာပြုများ နားနေခန်းများ ပါဝင်သော အဆောင်များနှင့် အခြားအထွေထွေရောဂါကုသည့် အဆောင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆေးရုံကြီး ခုနှစ်ထပ်ဆောင် တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးမှသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကုန်အကျသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here