နှစ်စဉ်ကျင်းပသည့် Study in Japan Fair 2024 အွန်လိုင်းမှတဆင့် ကျင်းပမည်

0
183

ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)က ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် Study in Japan Fair ကို ဇန်နဝါရီ (၂၆) ရက်မှ (၂၈) ရက်အထိ အွန်လိုင်းမှတဆင့် ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်တက်ရောက်လိုသူများအနေဖြင့် Registration Link : http s://docs.google.com/…/1FAIpQLSc3b0lD1ku3s5…/viewform တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Study in Japan Fair 2024 တွင် ဂျပန်နိုင်ငံ၏တက္ကသိုလ် (၃၉) ခု၊ သက်မွေးပညာသင်ကောလိပ် တစ်ခု၊ ဂျပန်ဘာသာစကားကျောင်း (၄)ကျောင်းစသည့် ပညာရေးအဖွဲ့အစည်း (၄၄) ခု တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Online Study in Japan Fair တွင်ပါဝင်သည့် ကျောင်းတစ်ကျောင်းချင်းစီက မိတ်ဆက်ခြင်း၊ ဝင်ခွင့်စာမေးပွဲနှင့် ပညာသင်ဆု အချက်အလက်များအပြင် အခြားဂျပန်ပညာတော် သင်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအ ရာများကို ဝက်ဆိုဒ်မှတဆင့် ဝင်ရောက်လေ့လာနိုင်မည်ဖြစ် ကြောင်း သိရသည်။

ဇန်နဝါရီ (၂၆)ရက်မှ (၂၈) ရက်အထိ မိမိစိတ်ဝင်စားသည့် ကျောင်း၏ Zoom Group Consultation ကို တက်ရောက်ပြီး သက်ဆိုင်ရာကျောင်းတာဝန်ရှိသူနှင့် အွန်လိုင်းမှတဆင့် တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Study in Japan Fair 2024 အနေဖြင့် ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားသည့် လူငယ်များအတွက် အခွင့်အရေးကောင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here