ယခုနှစ်ဆန်းတွင် ခရီးသွားလာမှု ယခင်နှစ်ထက် များပြားနေပြီး အလားအလာကောင်းနိုင်

0
205

ယခုနှစ် ဇန်နဝါရီလ အစပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီး သွားလာမှု များပြားနေပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါ အလားအလာကောင်းမည်ဟု ယူဆရကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြော သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြည်တွင်းခရီးသွားလာမှု ပြန် လည်များပြားလာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းတွင်လည်း ခရီးသွားလာမှု ကျဆင်းသွားခြင်း မျိုးမရှိခြင်းကြောင့် ခရီးသွားလုပ်ငန်း တိုးတက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“အခုလောလောဆယ် ပုဂံတို့ ဆိုရင်လည်း ခရီးသည်တွေ ထိုက်သင့်သလောက် ပြန်ရတာ မျိုးတွေရှိတယ်။ ဒီဇင်ဘာလပိတ်ရက်တွေကတည်းက အသွားများနေတာ အခုလည်း အသွားများနေသေးတယ်။ နိုင်ငံရေးတည်ငြိမ်မှုရှိရင်ရှိသလော က် ခရီးသွားလုပ်ငန်းက တိုးတက်လာမှာပါ။တည်ငြိမ်နေရင် ခရီးသွားလုပ်ငန်းက နှစ်လပိုင်း၊ သုံးလပိုင်း၊ လေးလပိုင်းလောက်အထိ ကောင်းသွားဖို့ရှိတယ်”ဟု ဦးနောင်းနောင်းဟ န်က ပြောသည်။

လက်ရှိတွင် ခရီးသွားအများစုမှာ
ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ကလော၊ အင်းလေး၊ ပြင်ဦးလွင် စသည့် နေရာများသို့ သွားလာမှုများပြားခဲ့ပြီး ဇန်နဝါရီလ အစပိုင်းကာလတွင် ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ပိုမိုများပြားနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ပြည်ပခရီးသွား ဝင်ရောက်မှု အနေနဲ့ ဆိုရင် ရုရှား၊ ထိုင်း၊ တရုတ်နိုင်ငံသား ခရီးသွားဝင်ရောက်မှုတွေ ပိုပြီးများလာတာကို တွေ့ရပါတယ်”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here