ဘရာဇီးဖိုက်တာကို ဒုတိယ အချီတွင် အလဲထိုးဖြင့်အနိုင်ရခဲ့သည့် ချင်းတိုင်းရင်းသားဂျော့ရှူအာဗန်

0
180

UFC မှာ ပထမဆုံးမြန်မာကိုယ်စားပြုအဖြစ်ထိုးသတ်နေသည့် ချင်းတိုင်းရင်းသား Joshua Van သည် ပြိုင်ဘက်ဘရာဇီးဖိုက်တာကို ဒုတိယ အချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

UFC Fight Night 234 ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား Joshua Van နှင့် ဘရာဇီးနိုင်ငံသား Felipe Bunes တို့ ယနေ့ ဇန်နဝါရီ (၁၄) ရက် နံနက်အစောပိုင်းက ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ဂျော့ရှူအာဗန်သည် ပွဲမတိုင်ခင်က အသိပေးထားသည့်အတိုင်း ဒုတိယအချီတွင် အလဲထိုးဖြင့် ပွဲသိမ်းပြခဲ့ခြင်းလည်းဖြစ်သည်။

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် UFC တွင် ပထမဆုံးမြန်မာကိုယ်စားပြုထိုးသတ်နိုင်သည့် လူငယ်ဖြစ်ပြီး ယခုပွဲစဥ်သည် သူ၏ UFC တတိယမြောက်ပွဲစဥ်ဖြစ်ကာ (၃) ပွဲလုံးကို အနိုင်ရလဒ်ဖြင့် ပရိသတ်အကြိုက်ကစားပြနိုင်ခဲ့သည့်အတွက် MMA အသိုင်းအဝန်း၏ အာရုံစူးစိုက်ခြင်းခံနေရကြောင်း သိရသည်။

Photo – MMA Junkie


LEAVE A REPLY

Please enter your comment!
Please enter your name here