YBS ခရီးသည်တင် ယာဉ်မောင်းရန် သင်တန်းသား လျှောက်လွှာများ ခေါ်ယူ

0
217

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင် ယာဉ်ကြီးများ မောင်းနှင်ရန် ယာဉ်ကြီးမောင်းသင်တန်း တက်ရောက်လိုသူများအတွက် လျှောက်လွှာများ ခေါ်ယူနေကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ YRTC မှ သိရသည်။

YBS ခရီးသည်တင် ယာဉ်ကြီးများ မောင်းနှင်ရန် ကျွမ်းကျင် ယာဉ်မောင်းများ လိုအပ်နေသဖြင့် YBS မော်တော်ယာဉ်ကြီးမောင်းသင်တန်းကို ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ YRTC ၏ ကြီးကြပ်မှုဖြင့် သင်တန်းအပတ်စဉ် (၁/၂၀၂၄)အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ စတုတ္ထပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ YBS ခရီးသည်တင် ယာဉ်ကြီးမောင်း သင်တန်းကို အသက် (၂၅)နှစ်မှ (၅၅)နှစ်အတွင်းရှိသူ “ခ”လိုင်စင်အနည်းဆုံး (၅)နှစ် သက်တမ်းနှင့် အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ပြီး အခြေခံ ယာဉ်မောင်းနှင်နိုင်မှုအား သင်တန်းမှ စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

YBS ခရီးသည်တင် ယာဉ်ကြီးမောင်း သင်တန်းကာလမှာ (၁)လ ဖြစ်ပြီး ယာဉ်မောင်းသင်တန်းကို သင်တန်းသား စုစုပေါင်း (၅၀)ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အမှတ် (၇) ထောက်ကြန့်မြို့ရှောင်လမ်း၊ ဘွတ်ကြီးကျေးရွာအုပ်စု၊ မှော်ဘီ မြို့နယ်၊ ရန်ကုန်မြို့တွင် လျှောက်လွှာယူခြင်းနှင့် လျှောက်လွှာတင်ခြင်း လုပ်ဆောင်နိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၇၆၆၀၂၉၂၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here