ကျောင်းလခနှင့် နေထိုင်စရိတ်ခက်ခဲသည့် မြန်မာကျောင်းသားနှစ်ဦးအတွက် ကိုရီးယားက ပညာသင်ဆုပေးမည်

0
223

ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ (ကိုရီးယားဘာသာစကား သင်တန်းမပါ) တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ် အခက်အခဲရှိသည့် မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူနှစ်ဦးအတွက် Woojung Education and Culture Foundation မှ Scholarship Students for the 1st Semester, 2024 ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်မည်ဖြစ်၍ လျှောက်ထားနိုင်ကြောင်း ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော လျှောက်ထားလိုသူများသည် စာရွက်စာတမ်း/ အထောက်အထားတို့ကို ပြည့်စုံစွာဖြည့်စွက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၉) ရက် ညနေ (၄) နာရီနောက်ဆုံးထား၍ Myanmar Embassy, Hannam -daero 28-gil 12, Yongsan-gu, Seoul, 04418 သို့ လူကိုယ် တိုင်လာရောက်၍ လည်းကောင်း၊ စာတိုက်မှတဆင့်သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍ လည်းကောင်း၊ သံရုံး email ဖြစ်သည့် [email protected] သို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုကို ယခင်နှစ်များက လက်ခံရရှိပြီးသူ ကျောင်းသား ကျောင်းသူများ ထပ်မံလျှောက်ထားခြင်း မပြုကြရန်လည်း အသိပေးထားကြောင်း သိရသည်။

မြန်မာသံရုံး ဆိုးလ်မြို့မှ လက်ခံရရှိသော လျှောက်လွှာများအားလုံးကို စုစည်း၍ Woojung Education and Culture Foundation ရုံးခန်းသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂၄) ရက်တွင် နောက်ဆုံးထားပေးပို့သွားရန်ရှိသဖြင့် သတ်မှတ်ထားသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၉) ရက်အမီ သံရုံးသို့ အရောက်ပေးပို့ကြရန်လည်း အသိပေးသည်။

အဆိုပါ ပညာသင်ဆုအတွက် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက ကြိုတင် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here