အမြန်လမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမြောင်းထဲထိုးကျ

0
189

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၆၃/၇) နှင့် (၆၄/ဝ)ကြားတွင် SCANIA Express အမျိုးအစား (အဖြူရောင်) ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို့ ထိုးကျခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၄) ရက်၊ နံနက် (၆)နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဥသျှစ်ကုန်းအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၁၉)ဦး စုစုပေါင်း (၃၉)ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဇန်နဝါရီ (၉)ရက် နံနက် (၅)နာရီခွဲ အချိန်က ရန်ကုန် – မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၂၉/၃) ရသေ့ကျေးရွာအနီးတွင် ခရီးသည်တင် ယာဉ်တစ်စီး လမ်းလည်ရှိ ဘလောက်တုံးများကို မတော်တဆ ဝင်တိုက်မိမှုဖြစ်ပွားရာ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here