ကျိုက္ခမီ – စက်စဲသွား လမ်းမပေါ်တွင် ကားကြိ-တ်ခံထားရသည်ဟု ယူဆရသော အမည်မသိ အမျိုးသား အလေ-ာင်း တွေ့ရှိ

0
151

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျိုက္ခမီ – စက်စဲသွားလမ်းမပေါ်တွင် ကားကြိ-တ်ခံထားရသည်ဟု ယူဆရသော အမည်မသိ အမျိုးသားအလေ-ာင်းတစ်လောင်းတွေ့ရှိကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ကျိုက္ခမီ – စက်စဲသွားလမ်းမပေါ် တောင်ဖလုကျေးရွာအဝင်လမ်းဝအနီး လမ်းလယ်တွင် ဇန်နဝါရီ (၁၄) ရက် နံနက် (၁) နာရီ (၁၅)မိနစ်အချိန်ခန့်က အမျိုးသားအလေ-ာင်း တစ်လေ-ာင်း တွေ့ရှိကြောင်း အသင်းသို့ ဖုန်းဆက်အကြောင်းလာသည့်အတွက် သွားရောက်ခဲ့ကြောင်း သိရသည်။

“‌ေ-သဆုံးသူရဲ့ နောက်ကျောမှာ တက်တူးရှိပါတယ်။ မိသားစုဝင် မသိရှိသေးပါသဖြင့် ‌ေ-သဆုံးသူနှင့် သိရှိသူများ လာရောက်ဆက်သွယ်ပေးပါ”ဟု အသင်းမှ ပြောဆိုထားသည်။

အဆိုပါ အမျိုးသား အလေ-ာင်းအား အခင်းဖြစ်ပွားရာနေရာမှ သွားရောက်သယ်ဆောင်ပေးပြီး သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here