အစ္စရေးရဲ့ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲကို ကမ္ဘာ့တရားရုံး အပါအဝင်မည်သူမျှ တားဆီးလို့မရ- နေတန်ယာဟု(အစ္စရေး ဝန်ကြီးချုပ်)

0
155

အစ္စရေးနိုင်ငံဟာ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲကို အောင်ပွဲရတဲ့အထိ ဆင်နွှဲသွားမှာဖြစ်ပြီး ဒါကို ကမ္ဘာ့တရားရုံး အပါအဝင် ဘယ်သူကမျှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ဂါဇာစစ်ပွဲ ရက်တစ်ရာပြည့်ဖို့တစ်ရက်အလို စနေနေ့က ထီမထင်မိန့်ခွန်းမှာ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုသွားပါတယ်။

ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးက လူမျိုးတုံး သ-တ်ဖြ-တ်မှုကျူးလွန်တယ်ဆိုကာ တောင်အာဖရိကနိုင်ငံက စွဲတင်ခဲ့တဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ကြားနာမှု နှစ်ရက်အပြီး နေတန်ယာဟုက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုဟာ အသရေဖျက်ထားတဲ့ အတုအယောင် စွပ်စွဲချက်သာဖြစ်တယ်ဆိုကာ အစ္စရေးက ပယ်ချခဲ့ပါတယ်။ ဂါဇာအပေါ် အစ္စရေးရဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေမှု ရပ်တန့်ဖို့ ကြားဖြတ်အမိန့်ချမှတ်ပေးရန် တောင်အာဖရိကက တောင်းဆိုခဲ့ပါတယ်။

“သည်ဟိဂ်မှမဟုတ်ဘူး၊ဆိုးသွမ်းတဲ့ ရန်သူ့မဟာမိတ်ကော ဘယ်သူတစ်ဦးတယောက်ကမှကျွန်တော်တို့ကိုရပ်တန့်လို့မရဘူး” လို့ နေတန်ယာဟုက အီရန်နဲ့ ၎င်းရဲ့ မဟာမိတ် ပြည်သူ့စစ်တွေကို ရည်ညွှန်းကာ စနေနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ဂါဇာဒေသမှာ ပါလက်စတိုင်း ‌ေ-သဆုံးဦးရေ ၂၃၀၀၀ ကျော်ရှိနေပြီဖြစ်ကာ ဝိုင်းပိတ်ခံထားရတဲ့ ကမ်းမြောင်ဒေသ နေရာအတော်များများ ဒုက္ခဘေးကြုံနေရပြီဖြစ်တဲ့ ဂါဇာစစ်ပွဲကို ရပ်တန့်ဖို့ အစ္စရေးအပေါ် နိုင်ငံတကာဖိအားပေးမှုတွေ မြင့်တက်နေခဲ့ပါတယ်။ သို့ပေမယ့် အစ္စရေးဟာ ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးနဲ့ စစ်ရေး ပံ့ပိုးကူညီမှုဖြင့် အကာအကွယ်ရရှိနေခဲ့ပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here