ဗီယက်နမ်​ရောက်အင်ဒိုနီးရှားသမ္မတ EV ကားစက်ရုံသို့လေ့လာ

0
247

စနေနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို သည်  ဗီယက်နမ်ရှိ မော်တော်ကားထုတ်လုပ်သူ VinFast ၏ စက်ရုံသို့ သွားရောက်ခဲ့သည်။

အင်ဒိုနီးရှားတွင် လျှင်မြန်စွာလာ​ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် နိုင်ငံစုံမှ လိုအပ်သော အခြေအနေများကို ဖန်တီးပေးမည်ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

ဝီဒိုဒို၏ သုံးရက်တာ ဗီယက်နမ်ခရီးစဉ်မပြီးဆုံးမီ ဗီယက်နမ်မြောက်ပိုင်း၊ Haiphong ဆိပ်ကမ်းမြို့ရှိ VinFast လျှပ်စစ်ကားကို၄င်းကစမ်းသပ်ရင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ် EV ကုမ္ပဏီက အင်ဒိုနီးရှားတွင် ဒေါ်လာ ၁.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး နှစ်စဉ် ကားအစီးရေ ၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည့် အလားအလာရှိသည့် စက်ရုံတစ်ခု တည်ဆောက်မည်ဟု ပြောကြားထားသည်။

VinFast တည်ထောင်သူအများစုပိုင်ဆိုင်သည့် EV တက္ကစီအော်ပရေတာ Green SM သည် အင်ဒိုနီးရှားတွင် ဒေါ်လာသန်း ၉၀၀ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကိုလည်း ကြေညာခဲ့သည်။တက္ကစီဝန်ဆောင်မှုအား လျှပ်စစ်ကားများဖြင့်ပြောင်းလဲသွားမည်ဟုသိရသည်။

Source:apnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here