ထိုင်ဝမ်ရွေးကောက်ခံသမ္မတသစ် ဝီလျံလိုင်အား စင်္ကာပူဂုဏ်ပြု

0
193

စင်္ကာပူ၊ဇန်နဝါရီ ၁၄

ထိုင်ဝမ်၌ သမ္မတရွေးကောက်ပွဲများကျင်းပပြီးနောက် လက်ရှိအာဏာရပါတီဒုတိယသမ္မတ မစ္စတာလိုင်ချင်တီသည် သမ္မတအဖြစ်ရွေးကောက်ခံရပြီး ပါတီအနေဖြင့် တတိယအကြိမ်မြောက် အုပ်ချုပ်မှုသက်တမ်းရရှိခဲ့သည့်အတွက်စင်္ကာပူက ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။

စင်္ကာပူအနေဖြင့် တရုတ်တစ်ပြည်တည်းမူဝါဒကိုသာဆက်လက်လက်ခံထားသော်လည်း ထိုင်ဝမ်နှင့်ရေရှည်ဆက်ဆံမည့် ရင်းနှီးသောဆက်ဆံရေးတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

စင်္ကာပူအနေဖြင့်လည်း ထိုင်ဝမ်ရေလက်ကြားဆက်ဆံရေးအား တည်ငြိမ်ပြီးငြိမ်းချမ်းစေလိုရန်သာဆန္ဒရှိကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

စနေနေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဒေါက်တာလိုင်သည် ၄၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် မဲ အနိုင်ရခဲ့ပြီး ကူမင်တန်ပါတီမှမစ္စတာ Hou Yu-ih က ၃၃ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် ထိုင်ဝမ်ပြည်သူ့ပါတီ (TPP) မှဒေါက်တာ ကိုဝမ်ဂျေးက ၂၆ ဒသမ ၄၆ ရာခိုင်နှုန်းရှိခဲ့‌ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်၏အချက်အလက်များအရသိရသည်။

မစ္စတာလိုင်သည် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် မိန့်ခွန်းပြောကြားရာ၌ ၎င်းအနေဖြင့် အတိုက်အခံအဖွဲ့အစည်းများအပြင် တရုတ်နိုင်ငံအထိပါ ငြိမ်းချမ်းရေးကမ်းလှမ်းလိုကြောင်းလည်းပြောကြားခဲ့သည်။

Source : စီအင်န်အေ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here