ပြင်ဦးလွင် – မန္တလေး အဆင်းလမ်း၌ ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ကားသမား မောင်းနှင်ထွက်ပြေး

0
123

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် – မန္တလေး အဆင်းလမ်း၌ ကားနှင့် ဆိုင်ကယ် တိုက်မိကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်မောင်းသူတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သန္တိသုခလူမှုကူညီရေးအသင်းမှ သိရသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၈)၊ ဒိုးကွင်၊ ဗိုလ်ချုပ်ရွာ လမ်းဆုံ၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း၌ ဇန်နဝါရီ (၁၄) ရက် ညပိုင်းတွင် ကားမှ ဆိုင်ကယ်အား တိုက်ပြေးကြောင်း အသင်းသို့ ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

“ပြင်ဦးလွင် – မန္တလေး အဆင်းလမ်းမှာ ကားက ဆိုင်ကယ်ကို တိုက်ပြေးတာ ဆိုင်ကယ်မောင်းတဲ့ လူငယ် ထိခိုက်ဒဏ်ရာတွေရတာ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။”ဟု အသင်းက ဆိုသည်။

အခင်းဖြစ်ရာနေရာမှ ဒဏ်ရာရသူ အသက် (၂၀)ရွယ် အမျိုးသား (၁)ဦးအား သန္တိသုခလူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ (အချိန်မီ)ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here