ဘာစီလိုနာကိုဂိုးပြတ် အနိုင်ယူပြီး (၁၃) ကြိမ်မြောက် စပိန်စူပါဖလားကို ရယူနိုင်ခဲ့သည့် ရီးရဲလ်မက်ဒရစ်

0
187

စပိန်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာကိုဂိုးပြတ် အနိုင်ယူပြီး (၁၃) ကြိမ်မြောက် စပိန်စူပါဖလားကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့သည် စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ်ယနေ့ (ဇန်နဝါရီ ၁၅) နံနက်အစောပိုင်းက ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်ကစားသမား ဗန်နီးရှပ်ဂျူနီယာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရီးရဲလ်မက်ဒရစ်က ၄ ဂိုး ၁ ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခြ့သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် (၉) ကြိမ် ထိပ်တိုက်တွေ့ဆုံရာ (၇) ကြိမ်အထိ အနိုင်ရရှိခဲ့ပြီး အသင်းအတွက်(၁၃) ကြိမ်မြောက် စပိန်စူပါဖလားကိုပါရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here