ကလော -မိတ္ထီလာသွား ကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲကျပြီး ယာဉ်မောင်း ‌ေ-သဆုံး

0
164

ကလော – မိတ္ထီလာသွား ကားလမ်း၊ ဝက်ဖြူရေကျေးရွာ အောက်ဖက် မဂွေဘုန်းကြီးကျောင်းအနီး၌ Canter အမျိုးစား ကုန်တင်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ရာမှ ယာဉ်မောင်းဖြစ်သူ အသက်ဆုံးရှုံးခဲ့ရကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။

ဇန်နဝါရီ (၁၄) ရက်၊ ည (၉)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်နေရာသို့ နာရေးကူညီမှုအသင်း(အောင်ပန်း)မှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

“Canter ယာဉ် ဘရိတ်ပေါက်ပြီး ပေ(၃၀)လောက်ရှိတဲ့ လမ်းနံဘေးချောက်ထဲ ကျရောက်တိမ်းမှောက်တာ။ ယာဉ်မောင်းက ကားဦးခေါင်းအတွင်း ညပ်နေခဲ့ပြီး စပယ်ယာက ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်။ ယာဉ်မောင်းကို ကရိန်းအကူအညီနဲ့ မနက် (၃) နာရီမှာ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ‌ေ-သဆုံးသွားပါတယ်။”ဟု နာရေးကူညီမှုအသင်း (အောင်ပန်း) က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်နောက်လိုက် အား ကလောလူမူရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဆေးရုံသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အသက်ဆုံးရှုံးခဲ့သည့် ယာဉ်မောင်းမှာ အောင်ပန်းမြို့၊ ဇောတိရပ်ကွက်တွင်နေထိုင်သည့် ကိုကျော်ဆိုသူဖြစ်ပြီး အလေ-ာင်းအား ကလောပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here