လာမည့် ဘောလုံးရာသီအတွက် လက်ရွေးစင် လူငယ်ခြေတက်ဘောလုံးကစားသမားများနှင့် မိတ်ဆက်သွားမည်ဟု ရှမ်း FC ဆို

0
154

ယခုရက်ပိုင်းအတွင်း  လက်ရွေးစင် လူငယ်ခြေတက်ဘောလုံးကစားသမားများကို ပရိတ်သတ်များထံသို့ ပွဲထုတ်မိတ်ဆက်ပေးသွားမည်ဖြစ် ကြောင်း ရှမ်းယူနိုက်တက်အသင်းက ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီများတွင် ရဲမင်းသူ၊ ဈာနေယျသူ၊ စအောင်ပြည့်ကို၊ ဘုန်းသစ္စာမင်း၊ဟိန်းဖြိုးဝင်း၊ စိုးလွင်လွင်၊ ဇွဲခန့်မင်း၊ ဇွဲထက်မင်း၊ မြတ်ကောင်းခန့် ၊ ရဲရင့်အောင်စသည့် လူငယ်များအား မွေးထုတ်ပေးခဲ့ကြောင်းလည်း ဆိုသည်။

ယခုလအတွင်း အသင်း၏ ခြေလှမ်းအသစ်အနေဖြင့် လွိုင်လင်မြို့၌ ဇန်နဝါရီ (၈)ရက်မှ (၁၇)ရက်အထိ (၁/၂၀၂၄) ကို (၁၀)ရက်ကြာ သင်တန်းဖွင့်လှစ်သင်ကြားပေးကာ လူငယ်ခြေသစ်များ ရွေးချယ်ခဲ့ကြောင်း  သိရသည်။

ယင်း သင်တန်းမှတဆင့် အသင်းအတွက် ခြေစွမ်းခြေစရှိသည် လူငယ်များကို အကဲခတ်၍ ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့အပြင် အသင်းအနေဖြင့် လာမည့် ဘောလုံးရာသီအတွင်း အိမ်ကွင်းပွဲများကို တောင်ကြီးမြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်း FC အနေဖြင့် ပြီးခဲ့သော မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီများအတွက် လေးနှစ်ဆက်တိုက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သော အသင်းတစ်သင်းလည်း ဖြစ်သည်။

ဓာတ်ပုံ -Shan United FC


LEAVE A REPLY

Please enter your comment!
Please enter your name here