ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲရှိ စစ်ရှောင်များ နေရပ်သို့ပြန်လည် ရောက်ရှိလာဟု ဆို

0
189

ကုန်ဈေးနှုန်း အဆမတန်မြင့်မားခြင်းကိုရင်ဆိုင်​နေရ

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ခရိုင်၊ကွတ်ခိုင်မြို့နယ်ရှိ တာမိုးညဲ ဒေသအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ မိမိဒေသသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း တာမိုးညဲဒေသအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တာမိုးညဲဒေသအတွင်း တိုက်ပွဲများ ယာယီရပ်စဲသွားသော်လည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ ဈေးနှုန်း အဆမတန်မြင့်မားခြင်းတို့ ရင်ဆိုင်ကြုံတွေ့ရနေသည်ဟု ဆိုသည်။

ထို့ကြောင့် တာမိုးညဲဒေသ အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ (၁၃) ရက်မှစတင်၍ တိုက်ပွဲကြောင့် နေအိမ်ဖျက်ဆီးခံရသောသူများနှင့် ဆင်းရဲနွမ်းပါးမိသားစုများအတွက် တစ်အိမ်လျှင် ဆန်တစ်အိတ်နှုန်း ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျသော လမ်းပန်းများကို ဒေသခံအရပ်သားများနှင့်ပူးပေါင်း၍ ပြုပြင်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် တိုင်းရင်းသားရင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA၊ MNDAA နှင့် AA ညီနောင်မဟာ မိတ်သုံးဖွဲ့တို့ အပစ်အခတ် ယာယီရပ်စဲမှု သဘောတူညီချက်ကြောင့် ယင်းဒေသတွင်းသို့ အရပ်သားပြည်သူ နေ့စဉ်ပြန်လည်ဝင်ရောက်မှုများ ရှိနေ‌ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here