သီပေါ စစ်ရှောင်စခန်းရှိ ပြည်သူများ နေရပ်သို့ ပြန်လည်ထွက်ခွာသဖြင့် လျော့နည်းလာဟုဆို

0
252

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက် သီပေါစစ်ရှောင်စခန်းရှိ ပြည်သူအချို့နေရပ်သို့ ပြန်လည်ထွက်ခွာမှုများ ရှိလာကြောင်း သီပေါ ဒေသခံ စစ်ရှောင်အရေးဆောင် ရွက်သူတစ်ဦးက ပေါ်ပြုလာနယူးစ်သို့ ပြောသည်။

သီပေါ စစ်ရှောင်စခန်းများတွင် ယခုလ ဇန်နဝါရီ (၁၀) ရက်အထိ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူ ထောင်နှင့်ချီရှိနေရာမှ တိုက်ပွဲများ ရပ်တန့်သွားခြင်းကြောင့် နေရပ်ပြန်သူ များပြားလာသဖြင့် လျော့ကျလာပြီဖြစ်ကြောင်း ဆိုသည်။

“စစ်ရှောင်စခန်းတွေမှာရှိတဲ့ ပြည်သူတွေ လျော့ကျသွားပြီ။ အချို့ကလည်းနေရပ်ကိုပြန်ကြပါတယ်။ စာရင်းကတော့ ကျွန် တော်တို့ မကိုင်တဲ့အတွက် အတိအကျ မပြောတတ်ပါဘူးခင်ဗျ။ မြေပြင်မှာ ကျွန် တော်တို့က ကူညီလှူဒါန်းပေးနေတာကြောင့် လျော့ကျသွားတာလောက်တော့ပြောလို့ရမယ်။ လောလောဆယ်တော့စစ်ရှောင်စခန်း ငါးခုလောက်မှာ ကျန်တဲ့သူတွေလည်း ကျန်နေပါသေးတယ်”ဟု ရှင်းပြသည်။

လက်ရှိတွင် နေရပ်စွန့်ခွာလာသော စစ်ရှောင်ပြည်သူများအနေဖြင့် သီပေါမြို့ပေါ်ရှိ ဘိုးတော်ဘုန်းကြီးကျောင်း၊ သာသ နာ(၂၅၀၀)ကျောင်း၊ လီဆူကျောင်း၊ စာပေယဥ်ကျေးမှုခန်းမ စသည်တို့တွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

“ကျန်တဲ့သူတွေကိုတော့ ကျွန်တော်တို့ ပုံမှန်ထောက်ပံ့ကူညီပေးနေပါတယ်။ “ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့သည့် (၁၀၂၇) စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသအများစုမှ ဒေသခံပြည်သူ သိန်းနှင့်ချီ၍ နီးစပ်ရာစစ်ရှော င်စခန်းများသို့ထွက် ပြေးတိမ်းရှောင်နေခဲ့ရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here